တာချီလိတ်မြို့နယ် မိုင်းပါလျှိုးရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မိုင်းဖုန်းဆရာတော် နှင့် တပည့်ဒါယကာများမှ အလှူငွေ (၁၀)သိန်းကျပ် တိတိကို တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ယနေ့ နိုဝင်ဘာလ (၆)ရက် နံနက်ပိုင်းက လာရောက် လှူဒါန်းသွားကြောင်း သိရသည်။
တာချီလိတ်မြို့ မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရ နှင့် တပည့်ဒါယကာများမှ စုပေါင်းလှူဒါန်းသည့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ကျပ်ငွေ (၁၀)သိန်း တိတိကို မိုင်းဖုန်းဆရာတော်၏ တပည့်ဒါယကာများမှ လာရောက်၍ လှူဒါန်းရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ရေဘေးသင့် ပြည်သူများကိုယ်စား လက်ခံပေးသည်။