တရားမ၀င် မြန်မာအလုပ်သမား (၁၉)ဦးအား ထိုင်းဘက်မှ မြန်မာသို့ လွှဲပြောင်း

တရားမ၀င် မြန်မာအလုပ်သမား (၁၉)ဦးအား ထိုင်းဘက်မှ မြန်မာသို့ လွှဲပြောင်း
နိုဝင်ဘာ 18, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း တရားမ၀င် ရွှေ့ပြောင်း သွားလာ လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ဖမ်းဆီး အရေးယူပြီး ထိုင်းဘက်မှ မြန်မာနိုင်ငံသို့ ပြန်ပို့လျက်ရှိရာ ယနေ့ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် စုစုပေါင်း (၁၉)ဦးအား ထိုင်းဘက်မှ လွှဲပြောင်းလာကြောင်း သိရသည်။

"ဒီနေ့ လွှဲပြောင်းလာတဲ့ အထဲမှာ ရှမ်းပြည်နယ်ထဲက ရှမ်းတောင်၊ ရှမ်းရှေ့ နဲ့ ရှမ်းမြောက်က စုစုပေါင်း (၁၆)ယောက် ပါတယ်၊ မန္တလေးတိုင်း ဒေသကြီးက (၁)ယောက်၊ ပဲခူးတိုင်းဒေသကြီးက (၁)ယောက်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးက (၁)ယောက် စုစုပေါင်း အမျိုးသားရော၊ အမျိုးသမီးရောဆိုရင် (၁၉)ယောက် ပါတယ်၊ ရှမ်းပြည်နယ်ထဲက အများဆုံးပါ.."ဟု ထိုင်းဘက်မှ လာရောက်လွှဲပြောင်းရာတွင် လက်ခံပေးသည့် မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အပါအ၀င် အခြားသော နိုင်ငံသား အလုပ်သမားများကို ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်ပို့ဆောင် လျက်ရှိကြောင်း နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နယ်စပ်တံတားကူးလက်မှတ်ဖြင့် ဈေးရောင်း နေသူများကိုလည်း ဖမ်းဆီးအရေးယူရန်အတွက် အသိပေးကြေညာထားကြောင်းလည်း သိရှိရသည်။

သတင်း။  ။ စည်သူမောင်
ဓါတ်ပုံ။  ။ ကိုငယ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~