တာချီလိတ်မြို့၏ ကားဈေးကွက်အတွင်း လတ်တလော၌ မော်ဒယ်(၂၀၀၄-၂၀၀၅)ခုနှစ်ထုတ် တိုယိုတာ ရွှေငါးအမျိုးအစား ကားများ အရောင်းအ၀ယ် ဖြစ်လျှက်ရှိကြောင်း သိရသည်။
"တစ်ချို့ မော်ဒယ်မြင့်တဲ့ ရွှေငါးတွေမှာ ကားနောက်ခန်းထဲ ရေခဲသေတ္တာပါလာတယ်၊ START ကအစ ရီမု နဲ့ မော်ဒယ် (၂၀၀၁-၂၀၀၂)လောက်ဆိုရင် ရိုးရိုးဘဲ ကားအသုံးပြုထားတဲ့ ပေါ်မူတည်ပြီး ဈေးနှုန်း ကွာသွားတယ်"ဟု တာချီလိတ် ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းလုပ်နေသူ တစ်ဦးမှပြောသည်။
TOYOTA ရွှေငါးကားများ၏ ဈေးနှုန်းမှာ ၂၀၀၄-၂၀၀၅ မော်ဒယ်များတွင် ဘတ်(၁၆၀,၀၀၀)ခန့်ရှိပြီး မော်ဒယ်နိမ့် (၂၀၀၁)ခုနှစ် ပတ်ဝန်းကျင်ထုတ် ကားများတွင် ဘတ်(၁)သိန်းခန့်သာရှိကြောင်း သိရသည်။
Toyota ရွှေငါးကားများမှာ အခြားအမျိုးအစားယာဉ်များထက် တစ်ပတ်လျှင် (၅)စီးခန့်ဈေးကွက်အတွင်း အရောင်းအ၀ယ်ပိုမိုဖြစ်ကြောင်း၊ ဈေးကွက်အတွင်း တိုယိုတာ အုပ်စုအတွင်းရှိ ကားများ ပိုမို အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။