ကမ္ဘောဇဘဏ် ဥက္ကဌ မိသားစု နှင့် တာချီလိတ် စီးပွားရေးလုပ်ငန်းရှင်များမှ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့၏ အောင်မြေစကြာ ရဲဓမ္မာရုံတော်ကြီး အတွက် ကျပ် (၃၂၃)သိန်းတိတိ လှူဒါန်း

ကမ္ဘောဇဘဏ် ဥက္ကဌ မိသားစု နှင့် တာချီလိတ် စီးပွားရေးလုပ်ငန်းရှင်များမှ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့၏ အောင်မြေစကြာ ရဲဓမ္မာရုံတော်ကြီး အတွက် ကျပ် (၃၂၃)သိန်းတိတိ လှူဒါန်း
နိုဝင်ဘာ 20, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့၏ အောင်မြေစကြာရဲဓမ္မာရုံတော်ကြီး အဆောက်အဦ အတွက် ကမ္ဘောဇဘဏ်လီမိတက် အပါအ၀င် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တို့မှ စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း (၃၂၃)သိန်းတိတိကို လှူဒါန်းသည့် အခမ်းအနားအား ယနေ့ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ၀ဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်း + ဇနီး ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ သီရိသုဓမ္မသိင်္ဂီ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး မိသားစုမှ ပေးအပ် လှူဒါန်းလာသည့် အလှူငွေ ကျပ်သိန်းပေါင်း (၂၀၀)တိတိကို အလှူရှင်မိသားစု ကိုယ်စား တာချီလိတ် ကမ္ဘောဇဘဏ်(၁) မန်နေဂျာ ဒေါ်ဇင်မင်းသန့်မှ  လှူဒါန်းပေးရာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်အောင်အောင်မှ ၀မ်းမြောက်စွာ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

တဆက်တည်းမှာပင် တန့်ယန်းမြို့ ပန်ဝိုင်ဟိုတယ်မှ ဦးငုကပ် + ဒေါ်နန်းဖိန် မိသားစုမှ ကျပ်(၄၃)သိန်းအား လှူဒါန်းရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်အောင်အောင်မှပင် လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ဆက်လက်၍ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နေ ဦးဆိုင်မိန်းလေး + ဒေါ်နီလာရှု မိသားစုမှ ကျပ်သိန်း(၂၀) နှင့် အိပ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီမှ ဦးနေမျိုးဦးမှ ငွေကျပ် သိန်း(၂၀)တို့ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မိုးမောင်သန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ယင်းအပြင် "ဝ"ဆက်ဆံရေးရုံးမှ ဦးအာသယ် + ဒေါ်နန်းဟွမ် မိသားစုမှ လှူဒါန်းသည့် အလှူငွေ ကျပ်(၁၀)သိန်းကို လည်းကောင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် Golden Cherry Hotel မှ ဦးစိုင်းထွန်းစိန် + ဒေါ်နန်းမိငယ် မိသားစုမှ ငွေကျပ်(၁၀)သိန်းကို လည်းကောင်း၊ ၀မ်လုံးရွာနေ ဦးအိုက်လှ + ဒေါ်နန်းအိမ် မိသားစုမှ ငွေကျပ် (၁၀)သိန်းကို လည်းကောင်း၊ ဦးလောဦး မိသားစုမှ ငွေကျပ် (၁၀)သိန်းကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းရာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ အောင်မြေစကြာရဲဓမ္မာရုံတော်ကြီး ဆောက်လုပ်ဖြစ်ခြင်းနှင့် ပတ်သက်၍ ကနဦး ဖြစ်ပေါ်လာမှုမှာ မိုင်းဖုန်းဆရာတော်မှ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အား ပေးအပ်လှူဒါန်းရာမှ ဖြစ်ပေါ်လာတာဖြစ်ပြီး၊ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား တာချီလိတ်၌ အများသူငှာ ဖူးမျှော်နိုင်ရန်အတွက် ထားရှိပြီးနောက် ဓမ္မာရုံအား တည်ဆောက်ရန်အတွက် အကောင်အထည်ဖော်ရာ စုစုပေါင်း ကုန်ကျမှုမှာ ကျပ်သိန်းပေါင်း (၁၃၀၀)ကျော် ကုန်ကျနိုင်ကြောင်း နှင့် ကျပ်သိန်း(၇၀၀)ဖြင့် မတည်ကာ ဆောင်ရွက်နေတာဖြစ်ကြောင်း အခမ်းအနားတွင် ရဲအုပ်စံသိန်း၏ ရှင်းလင်းပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ "အောင်မြေစကြာ"ရဲဓမ္မာရုံအား ပါလျှံရဲဝန်ထမ်းလိုင်းပိုင် မြေနေရာတွင် တည်ဆောက်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀၁၅ခုနှစ် ဇူလိုင်လ(၁၃)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး စတင်တည်ဆောက်နေလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~