တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ချို့တဲ့နွမ်းပါး လူနာများအား ကျန်းမာရေး အခမဲ့(FOC) စနစ်ဖြင့် ကုသပေးနေလျက်ရှိရာ ဆေးရုံတွင် လာရောက် ဆေးဝါးကုသမှု ခံယူကြသော မရှိနွမ်းပါး လူနာများ အတွက် တာချီလိတ်မှ စေတနာရှင် မိသားစု နှစ်စုမှ ကျပ်ငွေ(၁၀)သိန်း တိတိကို ယနေ့ နိုဝင်ဘာလ(၂၇)ရက် နံနက်(၁၀)နာရီ အချိန်က ပြည်သူ့ဆေးရုံကြီးတွင် လှူဒါန်းကြောင်း သိရသည်။
ယင်းအပြင် သူရိယသင်္ကန်းတိုက် မိသားစုမှ ပြင်ပလူနာဌာနတွင် ဆေးဝါးများနှင့် အရေးပေါ်ပစ္စည်းများ သိုလှောင်နိုင်ရန်အတွက် (၅၅၀၀)ဘတ် တန်ဖိုးရှိ ရေခဲသေတ္တာတစ်လုံးအား လှူဒါန်းသည်။
တာချီလိတ်ခရိုင် ဆေးရုံအုပ် ဒေါက်တာဇင်ကိုကိုအောင် မှ ယခုလို လှူဒါန်းပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဆေးရုံတက်နေသည့် ချို့တဲ့နွမ်းပါး လူနာများထဲမှ အမှန်တကယ် အကူအညီလိုအပ်သည့် လူနာများကို ဦးစားပေး ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။