၂၀၁၅ မြို့နယ်ပညာရေးမှူး(ဖလား) ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ တာချီလိတ်၌ စတင် ကျင်းပ

၂၀၁၅ မြို့နယ်ပညာရေးမှူး(ဖလား) ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ တာချီလိတ်၌ စတင် ကျင်းပ
နိုဝင်ဘာ 27, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် မြို့နယ်ပညာရေးမှူး(ဖလား) အသက်(၁၆)နှစ်အောက် နှင့် အသက်(၁၂)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခြင်း အဖြစ် ယနေ့ နိုဝင်ဘာလ (၂၇)ရက် နေ့လည် (၂)နာရီ အချိန်က ဖွင့်ပွဲအား တာချီလိတ်မြို့မ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ မှ  ကျောင်းသား အားကစားနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကာ ပွဲဦးထွက်အဖြစ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ၏  နားအွန်ကျောင်း ဘောလုံး အသင်း နှင့် တာလေကျောင်း ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆန်ဆိုင်း၊ နားအွန်၊ မိုင်းဖုန်း(က)၊ မိုင်းဖုန်း(ခ)၊ လွယ်စတုံ၊ ရန်အောင်မြေ၊ တာလေ၊ တာချီလိတ်၊ ၀မ်ကောင်း(ကချင်ရွာ)၊ စန်းလု၊ ၀မ်မိုင်၊ မိုင်းကိုး၊ ပုန်းထွန်၊ တာလော့နှင့် ဟောင်လိတ်စသည့် ကျောင်း(၁၅)ကျောင်းမှ ဘောလုံးအသင်း (၁၅)သင်း ပါဝင်ပြီး ပြိုင်ပွဲများအား သတ်မှတ်ရက်များ၏ နံနက်(၈)နာရီ အချိန်တွင် စတင် ယှဉ်ပြိုင်မှာဖြစ်သည်။

အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် နားအွန်၊ ပုန်းထွန်၊ တာလေ၊ ဟောင်လိတ်၊ ရွှေမဟာ၊ ဆန်ဆိုင်း၊ တာချီလိတ်၊ မယ်ဟုတ် နှင့် မိုင်းကိုး စသည့် ကျောင်း(၉)ကျောင်းမှ ဘောလုံးအသင်း(၉)သင်း ပါဝင်ပြီး ပြိုင်ပွဲများအား သတ်မှတ်ရက်များ၏ ညနေ(၃)နာရီ အချိန်တွင် စတင် ယှဉ်ပြိုင်မှာဖြစ်သည်။

အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် စတင် ယှဉ်ပြိုင် ကစားကြပြီး၊ အသက်(၁၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား နိုဝင်ဘာလ(၂၈)ရက်နေ့တွင် စတင် ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး၊ နောက်ဆုံးဗိုလ်လုပွဲအား ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်း သိရသည်၊

ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~