က်ပ္သိန္းေပါင္း (၂၄၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား တာခ်ီလိတ္၌ ဖမ္းမိ

က်ပ္သိန္းေပါင္း (၂၄၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား တာခ်ီလိတ္၌ ဖမ္းမိ
နိုဝင်ဘာ 3, 2015
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္းစစ္ေဆးေရး ဂိတ္တြင္ ႏို၀င္ဘာလ (၂)ရက္ေန႔ ညေန(၅)နာရီ (၅၀)မိနစ္ အခ်ိန္ခန္႔က မူးယစ္ေဆး၀ါးႏွင့္ ပတ္သက္၍ စစ္ေဆးရွာေဖြရာမွ ဆက္လက္၍ ေနအိမ္၌ တန္ဖိုးေငြက်ပ္ သိန္းေပါင္း (၂၄၀)ေက်ာ္ တန္ဖိုးရွိသည့္ မူးယစ္ေဆး၀ါးမ်ားကို တရားခံႏွင့္အတူ ဖမ္းဆီးရရွိေၾကာင္း တာခ်ီလိတ္မူးယစ္တပ္ဖြဲ႔မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ မယ္ယန္းဂိတ္မွ တာ၀န္က် စုေပါင္းအဖြဲ႔ျဖင့္ ပူးေပါင္း၍ စစ္ေဆးမႈမ်ားျပဳလုပ္ေနရာတြင္ တာေလၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ စိုင္းလွ ေမာင္း၀င္လာေသာ ေမာ္ေတာ္ကားအား စစ္ေဆးရာမွ ၎၀တ္ဆင္ထားသည့္ ဂ်င္းအက်ႌအိတ္ကတ္အတြင္းမွ အိုက္(စ္)အျဖဴေရာင္ ပံုေဆာင္ခဲ အေလးခ်ိန္ (၂၅)ဂရမ္ကို ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ စိုင္းလွ၏ ထြက္ဆိုခ်က္အရ ပူးေပါင္းအဖြဲ႔မွ တာခ်ီလိတ္ၿမိဳ႕၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)ရွိ ၎၏ ေနအိမ္သို႔ သြားေရာက္ ရွာေဖြရာ အိုက္(စ္)အျဖဴေရာင္ ပံုေဆာင္ခဲ အေလးခ်ိန္ (၇၂၀)ဂရမ္ကို ေနအိမ္၏ မီးဖိုးေခ်ာင္ စားပြဲေအာက္မွ လည္းေကာင္း၊ ဘိန္းျဖဴအမႈန္႔အေလးခ်ိန္ (၃၅၀)ဂရမ္ကို လည္းေကာင္း ကဖင္းဟု ယူဆရေသာ အျဖဴေရာင္အမႈန္႔ အေလးခ်ိန္ (၅)ကီလိုကို ေနအိမ္ အေနာက္ဘက္ရွိ အုတ္ေရကန္အေဟာင္းအတြင္းမွ လည္းေကာင္း ရွာေဖြေတြ႕ရွိရာ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္သိန္းေပါင္း (၂၄၀)ေက်ာ္ရွိေၾကာင္း တာခ်ီလိတ္မူးယစ္ရဲတပ္ဖြဲ႔မွ အရာရွိတစ္ဦးထံက သိရသည္။

မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရရွိမႈႏွင့္ ပတ္သက္၍ ဖမ္းဆီးရမိေသာ စိုင္းလွအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၁၄၄/၂၀၁၅၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
********************

( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ unicode ျဖင့္ ေအာက္တြင္ ေဖာ္ျပထားပါသည္။ )
( Zawgyi Font ဖြင့် ဖတ်မရသူများအတွက် unicode ဖြင့် အောက်တွင် ဖော်ပြထားပါသည်။ )
---------------

တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၅)နာရီ (၅၀)မိနစ် အချိန်ခန့်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်ဆေးရှာဖွေရာမှ ဆက်လက်၍ နေအိမ်၌ တန်ဖိုးငွေကျပ် သိန်းပေါင်း (၂၄၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် မယ်ယန်းဂိတ်မှ တာဝန်ကျ စုပေါင်းအဖွဲ့ဖြင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်နေရာတွင် တာလမြေို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ စိုင်းလှ မောင်းဝင်လာသော မော်တော်ကားအား စစ်ဆေးရာမှ၎င်းဝတ်ဆင်ထားသည့် ဂျင်းအင်္ကျီအိတ်ကတ်အတွင်းမှ အိုက်(စ်)အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၂၅)ဂရမ်ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ စိုင်းလှ၏ ထွက်ဆိုချက်အရ ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရှိ၎င်း၏ နေအိမ်သို့ သွားရောက် ရှာဖွေရာ အိုက်(စ်)အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၇၂၀)ဂရမ်ကို နေအိမ်၏ မီးဖိုးချောင် စားပွဲအောက်မှ လည်းကောင်း၊ ဘိန်းဖြူအမှုန့်အလေးချိန် (၃၅၀)ဂရမ်ကို လည်းကောင်း ကဖင်းဟု ယူဆရသော အဖြူရောင်အမှုန့် အလေးချိန် (၅)ကီလိုကို နေအိမ် အနောက်ဘက်ရှိ အုတ်ရေကန်အဟောင်းအတွင်းမှ လည်းကောင်း ရှာဖွေတွေ့ရှိရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၄၀)ကျော်ရှိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးထံက သိရသည်။

မူးယစ်ဆေးဝါးများကို ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသော စိုင်းလှအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁၄၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~