က်ပ္သန္းေပါင္း (၂၉၉၅)သန္း တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ၀မ္ပံုလမ္းေၾကာင္းတြင္ ဖမ္းဆီးရမိ

က်ပ္သန္းေပါင္း (၂၉၉၅)သန္း တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ၀မ္ပံုလမ္းေၾကာင္းတြင္ ဖမ္းဆီးရမိ
နိုဝင်ဘာ 13, 2015
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္ တာခ်ီလိတ္ၿမိဳ႕နယ္ရွိ ေ၀ွေလလန္စစ္ေဆးေရးစခန္းတြင္ က်ပ္သန္းေပါင္း (၂၉၉၅)သန္း တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားကို ႏို၀င္ဘာလ (၁၂)ရက္ေန႔က သယ္ေဆာင္လာသူႏွင့္ အတူ ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္မူးယစ္ရဲတပ္ဖြဲ႔မွ သိရသည္။

မူးယစ္တပ္ဖဲြ႔စု(၃၀)တာခ်ီလိတ္ ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ စုေပါင္းအဖြဲ႔မွ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု ေ၀ွေလလန္ စစ္ေဆးေရးစခန္းတြင္ တာခ်ီလိတ္ဘက္မွ ၀မ္ပံုဘက္သို႔ ေအာကက္စတင္း (ခ) လုကာ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါး အေျမာက္ အမ်ားကို ဖမ္းဆီးရမိတာျဖစ္ေၾကာင္း တာခ်ီလိတ္မူးယစ္တပ္ဖြဲ႔မွ အရာရွိတစ္ဦးထံက သိရသည္။

မူးယစ္ေဆး၀ါးမ်ား ရွာေဖြရရွိရာတြင္ ေမာ္ေတာ္ယာဥ္၏ ေနာက္ဖံုးအတြင္း သို၀ွက္သယ္ေဆာင္လာသည့္ အိုက္စ္ အျဖဴေရာင္ပံုေဆာင္ခဲ အေလးခ်ိန္ (၁)ကီလိုခန္႔စီပါသည့္ (၁၁၉)ထုပ္ ႏွင့္ (၀.၈)ကီလိုခန္႔ပါသည့္ (၁)ထုပ္ စုစုေပါင္းအေလးခ်ိန္ (၁၁၉.၈)ကီလိုရွိ  ကာလတန္ဖိုးေငြ စုစုေပါင္းမွာ က်ပ္သန္းေပါင္း (၂၉၉၅)သန္းရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ ေအာကက္စတင္း(ခ)လုကာ ႏွင့္ မူးယစ္ေဆး၀ါးမ်ား၏ ပိုင္ရွင္ျဖစ္သူ(ထြက္ေျပးတိမ္းေရွာင္)အား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၉/၂၀၁၅၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္အေရးယူထားရွိေၾကာင္း သိရွိရသည္။

************************

( Zawgyi font ျဖင့္ ဖတ္မရသူမ်ားအတြက္ unicode ျဖင့္ ေဖာ္ျပထားပါသည္ )
( Zawgyi font ဖြင့် ဖတ်မရသူများအတွက် unicode ဖြင့် ဖော်ပြထားပါသည် )

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်ရှိ ဝှေလေလန်စစ်ဆေးရေးစခန်းတွင် ကျပ်သန်းပေါင်း (၂၉၉၅)သန်းရှိ မူးယစ်ဆေးဝါးများကို နိုဝင်ဘာလ (၁၃)ရက်နေ့က သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် စုပေါင်းအဖွဲ့မှ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန် စစ်ဆေးရေးစခန်းတွင် တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ အောကက်စတင်း (ခ) လုကာ မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါး အမြောက် အများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ အရာရှိတစ်ဦးထံက သိရသည်။

မူးယစ်ဆေးဝါးများ ရှာဖွေရရှိရာတွင် မော်တော်ယာဉ်၏ နောက်ဖုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် အိုက်စ် အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၁)ကီလိုခန့်စီပါသည့် (၁၁၉)ထုပ် နှင့် (ဝ.၈)ကီလိုခန့်ပါသည့် (၁)ထုပ် စုစုပေါင်းအလေးချိန် (၁၁၉.၈)ကီလိုရှိ ကာလတန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း (၂၉၉၅)သန်းရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အောကက်စတင်း(ခ)လုကာ နှင့် မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်ဖြစ်သူ(ထွက်ပြေးတိမ်းရှောင်)အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၉/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~