၂၀၁၅ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့တွင် တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်၌ မြို့လုံးကျွတ် သံဃာတော်၊ သီလရှင် စုစုပေါင်း (၃၅၀)ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူကြမှာဖြစ်သည့်အတွက် ယနေ့ နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်၌ စုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ကြသည်။
ထိုသို့ပြုလုပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေး အဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ ၀န်ထမ်းများ၊ ရွှေတာချီခရီးသွားလုပ်ငန်းမှ အသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဂေါပကအဖွဲ့ဝင်များ စသည်တို့မှ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်တင်လှူခြင်း (၁၇)နှစ်မြောက်အဖြစ် သံဃာ နှင့် သီလရှင် စုစုပေါင်း အပါး(၃၅၀)ကျော်ကို နိုဝင်ဘာလ(၂၄)ရက် နံနက်(၆)နာရီအချိန်တွင် တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်တွင် စုပေါင်းကာ ဆွမ်းဆန်စိမ်းလောင်းလှူကြမှာဖြစ်သည့်အတွက် စေတနာရှင် အလှူရှင်များအနေဖြင့် လာရောက် လောင်းလှူကာ ကုသိုလ်ယူနိုင်ကြမှာဖြစ်ပါသည်။