ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ အနည်းဆုံး နေရာ(၃)ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု အပါအ၀င် အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူပေါင်း(၁၅၀)ခန့် သေဆုံးခဲ့ပြီလို့ ပြင်သစ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
တိုက်ခိုက်မှုမှာ အနည်းဆုံး လူ(၅)ဦးခန့် ပါဝင်ခဲ့ပြီး ရာဇ၀တ်ကျူးလွန်သူတွေဟာ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဆိုထားပါတယ်။
ပြင်သစ် တစ်နိုင်ငံလုံး နယ်စပ်ဂိတ်တွေ ပိတ်ထားပြီး အရေးပေါ် အခြေအနေကိုလဲ ကြေညာထားတယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံရဲ့ လေဆိပ်တွေမှာလဲ လုံခြုံရေးစစ်ဆေးမှုတွေ မြှင့်တင်ထားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
ပဲရစ်မြို့လယ်ရှိ ဘာတာကလန် ဖျော်ဖြေရေးခန်းမ (Bataclan concert hall) အပါအ၀င် နေရာတော်တော် များများမှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရတယ်။
Ref; theguardian
ဘာသာပြန်။ ။ ကိုဇက်