ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ ေရႊ႕ေျပာင္းသြားလာကာ အလုပ္ လုပ္ကိုင္ေနေသာ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံမွ ဖမ္းဆီးကာ အေရးယူၿပီး ျမန္မာႏိုင္ငံ တာခ်ီလိတ္ဘက္သို႔ အပတ္စဥ္ ျပန္လည္ လႊဲေျပာင္းေပးေနလ်က္ရွိရာ ေအာက္တိုဘာလ (၁၃)ရက္ေန႔က (၂၈)ဦးကို လႊဲေျပာင္းလာေၾကာင္း သိရသည္။
ထိုသို႔ လႊဲေျပာင္းလာရာတြင္ ကခ်င္ျပည္နယ္မွ အမ်ဳိးသမီး(၁)ဦး၊ ရခိုင္ျပည္နယ္မွ အမ်ဳိးသား (၂)ဦး၊ ရွမ္းျပည္နယ္ အတြင္းျဖစ္သည့္ အေရွ႕ပိုင္းမွ အမ်ဳိးသား(၆)ဦး၊ ေတာင္ပိုင္းမွ အမ်ဳိးသား(၁၄)ဦး ႏွင့္ ေျမာက္ပိုင္းမွ အမ်ဳိးသား(၄)ဦး အျပင္ မႏၱေလးတိုင္းေဒသႀကီးမွ အမ်ဳိးသမီး (၁)ဦး စုစုေပါင္း (၂၈)ဦး ပါ၀င္ေၾကာင္း သိရၿပီး ထိုသို႔ ထိုင္းဘက္မွ လာေရာက္ လႊဲေျပာင္းရာတြင္ ျမန္မာဘက္မွ တာ၀န္ရွိသူမ်ားက လႊဲေျပာင္းမႈကို လက္ခံကာ ေနရပ္ျပန္ႏိုင္ေရးအတြက္ ေဆာင္ရြက္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ အတြင္းက တစ္လထဲတြင္ အမ်ဳိးသား(၂၁၃)ဦး ႏွင့္ အမ်ဳိးသမီး (၈၆)ဦး စုစုေပါင္း (၂၂၉)ဦးကိုလည္း လႊဲေျပာင္းခဲ့ၿပီးျဖစ္ရာ ထိုသို႔ ဖမ္းဆီးခံရသူမ်ားသည္ လုပ္ငန္းခြင္တြင္ ၀င္ေရာက္ စစ္ေဆးကာ ဖမ္းဆီးျခင္းေၾကာင့္ ေသာ္လည္းေကာင္း၊ လမ္းခုလတ္တြင္ စစ္ေဆးမႈေၾကာင့္ေသာ္ လည္းေကာင္း၊ ျမန္မာနိုင္ငံသုိ႔ ျပန္အလာ ကားေပၚတြင္ စစ္ေဆး၍ေသာ္ လည္းေကာင္း အေၾကာင္း အမ်ဳိးမ်ဳိးျဖင့္ ဖမ္းဆီးခံရသူမ်ား ျဖစ္ေၾကာင္း သိရသည္။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာကာ အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ ဖမ်းဆီးကာ အရေးယူပြီး မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ အပတ်စဉ် ပြန်လည် လွှဲပြောင်းပေးနေလျက်ရှိရာ အောက်တိုဘာလ (၁၃)ရက်နေ့က (၂၈)ဦးကို လွှဲပြောင်းလာကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းလာရာတွင် ကချင်ပြည်နယ်မှ အမျိုးသမီး(၁)ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား (၂)ဦး၊ ရှမ်းပြည်နယ် အတွင်းဖြစ်သည့် အရှေ့ပိုင်းမှ အမျိုးသား(၆)ဦး၊ တောင်ပိုင်းမှ အမျိုးသား(၁၄)ဦး နှင့် မြောက်ပိုင်းမှ အမျိုးသား(၄)ဦး အပြင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသမီး (၁)ဦး စုစုပေါင်း (၂၈)ဦး ပါဝင်ကြောင်း သိရပြီး ထိုသို့ ထိုင်းဘက်မှ လာရောက် လွှဲပြောင်းရာတွင် မြန်မာဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းမှုကို လက်ခံကာ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက တစ်လထဲတွင် အမျိုးသား(၂၁၃)ဦး နှင့် အမျိုးသမီး (၈၆)ဦး စုစုပေါင်း (၂၂၉)ဦးကိုလည်း လွှဲပြောင်းခဲ့ပြီးဖြစ်ရာ ထိုသို့ ဖမ်းဆီးခံရသူများသည် လုပ်ငန်းခွင်တွင် ဝင်ရောက် စစ်ဆေးကာ ဖမ်းဆီးခြင်းကြောင့် သော်လည်းကောင်း၊ လမ်းခုလတ်တွင် စစ်ဆေးမှုကြောင့်သော် လည်းကောင်း၊ မြန်မာနိုင်ငံသို့ ပြန်အလာ ကားပေါ်တွင် စစ်ဆေး၍သော် လည်းကောင်း အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။