တာချီလိတ်၌ ဆိုင်ကယ် Taxi သမား တစ်ဦး ပျောက်နေ

တာချီလိတ်၌ ဆိုင်ကယ် Taxi သမား တစ်ဦး ပျောက်နေ
အောက်တိုဘာ 9, 2015
By Tachileik News Agency

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံစေတီဘုရားလမ်းအဆင်း၊ မြို့မီးလင်းရေးရုံးရှေ့ရှိ ဆိုင်ကယ် Taxi ဂိတ်တွင် ကျောနံပါတ် (၅၁၁)ဖြင့် ဆိုင်ကယ်Taxi ပြေးဆွဲနေသော အသက်(၂၂)ရှိ မောင်ဟိန်းဇော်သည် အောက်တိုဘာလ (၈)ရက်နေ့က နေအိမ်မှ မော်တော်ဆိုင်ကယ်နှင့်အတူ ထွက်သွားရာ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် ၎င်း၏ မိသားစုများမှ စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၈)ရက်နေ့ နံနက်(၇)နာရီက အလုပ်သွားမည်ဟု မိခင်ဖြစ်သူ ဒေါ်မုန်းကြည်အား ပြောဆိုပြီး နေအိမ်မှ လိုင်စင်ပါ ယာဉ်အမှတ် ၃၇ယ/၇၈၆၉၄ မော်တော်ဆိုင်ကယ် ဟွန်ဒါဝေ့ အမျိုးအစား မောင်းနှင်ကာ ယူဆောင်ပြီး ထွက်ခွာသွားရာ အောက်တိုဘာလ (၈)ရက်နေ့ ညပိုင်းအချိန်တွင်လည်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်းအပြင် ယနေ့ အောက်တိုဘာလ (၉)ရက်နေ့အထိ ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် သက်ဆိုင်ရာများသို့ အကူအညီ တောင်းခံထားကြောင်း ၎င်း၏ မိခင်ဖြစ်သူ၏ ပြောပြချက်အရသိရသည်။

မောင်ဟိန်းဇော်သည် နေ့ဘက်တွင် ပန်းရံအလုပ်ကို လုပ်ပြီး၊ ညဘက်တွင် အဆိုပါ ဆိုင်ကယ် Taxi ဂိတ်၌ ဆိုင်ကယ် Taxi ဆွဲကြောင်း သိရသည်။

နေအိမ်သို့ ပြန်လည်ရောက်ရှိ လာခြင်း မရှိသေးသူ မောင်ဟိန်းဇော်အား တွေ့ရှိရပါက တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့သော် လည်းကောင်း၊ မြန်မာဖုန်း - 09258083680 နှင့် ထိုင်းဖုန်း 0947150575 သို့ သော် လည်းကောင်း ဆက်သွယ်ကာ ကူညီသည့်အနေဖြင့် အကြောင်းကြားပေးပါရန် ၎င်း၏ မိခင်မှ အကူအညီတောင်းခံလာပါသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~