၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံများသို့ တရားဝင်ရောက်ရှိနေပြီး ကြိုတင် ဆန္ဒမဲပေးရန်အတွက် စာရင်းပေးထားသော စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသားများအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြန်ကြားလာသည့် ဆန္ဒမဲစာရင်း အမည်များကို စင်ကာပူမြန်မာသံရုံးက ယနေ့ အောက်တိုဘာလ(၁၃)ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
ထိုသို့ ထုတ်ပြန်ထားရာတွင် နေပြည်တော် အပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီး စုစုပေါင်း (၁၅)ခုမှ အမည်စာရင်းများကို ဖော်ပြထားရှိပြီး ရှမ်းပြည်နယ် မြို့နယ်(၄၅)မြို့နယ်မှ မဲစာရင်းများလည်း ပါဝင်ရာ တာချီလိတ်မြို့နယ်မှ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၇)ဦး ပါဝင်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရန် သတ်မှတ်ရက် အနေဖြင့် ၁၆.၁၀.၂၀၁၅ နေ့လည်(၁)နာရီမှ ညနေ (၄း၃၀)နာရီ အချိန်ထိ၊ ၁၇.၁၀.၂၀၁၅ နံနက် (၉း၃၀)နာရီမှ ညနေ(၄း၃၀)နာရီ အချိန်ထိ နှင့် ၁၈.၁၀.၂၀၁၅ နံနက် (၉း၃၀)နာရီမှ ညနေ(၄း၃၀)နာရီ အချိန်ထိ သတ်မှတ်ထားရှိပြီး မဲရုံအား စင်ကာပူ မြန်မာသံရုံးတွင် ဖွင့်လှစ်ထားရှိသွားမှာ ဖြစ်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးသူများသည် နိုင်ငံကူးလက်မှတ်(မူရင်း)သို့မဟုတ် မိတ္တူမှန်အား ယူဆောင်လာရမှာဖြစ်ပြီး ထိုသို့ ဆန္ဒမဲပြုသူများသည် ရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည်ပေးပို့ထားသည့် စာရင်းတွင် ပါဝင်သူများသာ ဖြစ်ရမှာဖြစ်သည်။
ပြည်နယ်နှင့်တိုင်း (၁၅)ခုမှ မဲစာရင်းများကို ကြည့်ရန်။ http://goo.gl/pgpuuf
ဆန္ဒမဲပေးပုံ အဆင့်ဆင့် ကြေညာချက်။ ။ http://goo.gl/XA9w3s