တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်(၀န်ထမ်းကုန်း)၊ ကျောင်းထိုင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေ၀တ (ဓမ္မာစရိယ၊ အဘိဓဇအဂ္ဂမဟာဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ)သည် ယခုအခါမှာ ၀ါတော်(၆၅)၀ါ၊ သက်တော်(၈၅)နှစ်အတွင်း ရှိနေပြီး ကျန်းမာရေး မကောင်းသည့် အတွက် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ စီပူးလင်းပုဂ္ဂလိက ဆေးရုံတွင် အောက်တိုဘာလ (၂၈)ရက်နေ့က ဆေးဝါးကုသမှု ခံယူနေလျက်ရှိကြောင်းနှင့် ဆရာတော်ဘုရားကြီး၏ ဆေးဝါးကုသမှုအတွက် မည်သူမဆို အောက်ဖော်ပြပါ လိပ်စာများမှ တဆင့် လှူဒါန်းနိုင်မှာဖြစ်ကြောင်း တာချီလိတ်သတင်းအေဂျင်စီမှ အသိပေး ဖော်ပြလိုက်ပါသည်။
ထိုသို့ ဆေးဝါးကုသမှု ခံယူနေတော်မူရာတွင် ဆေးဝါးကုသစရိတ်အတွက် တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်းရပ်ကွက်ရှိ ဘုရင်မစတိုးမှ ဦးရော်ဘင်+ဒေါ်မေနှင်းအောင် မိသားစုတို့မှ ကနဦး မတည်ကာ ထိုင်းဘတ်ငွေ (၅၀,၀၀၀)ဘတ်အား လှူဒါန်းထားကြောင်း သိရသည်။
ထို့အပြင် တာချီလိတ်မြို့ရှိ တပည့်ဒကာရင်းများဖြစ်သည့် စေတနာရှင် တစ်စုမှလည်း ယနေ့ အောက်တိုဘာလ (၃၀)ရက်နေ့ နေ့လည်ပိုင်းတွင် ဆရာတော်ဘုရားကြီးထံ သွားရောက် ဖူးမျှော်ကာ ထိုင်းဘတ်ငွေ (၁၁,၅၀၀)ဘတ်အား စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ဝန်ထမ်းကုန်း ဆရာတော်ဘုရားကြီးသည် ချင်းရိုင်းမြို့ရှိ စီပူးလင်းပုဂ္ဂလိက ဆေးရုံ၏ အခန်းနံပါတ် VIP C4 တွင် ဆေးကုသမှု ခံယူနေတော်မူလျက်ရှိရာ မည်သူမဆို သွားရောက်ဖူးမျှော်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ကုသိုလ်ယူကာ လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ လိပ်စာများမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါသည်။
ဦးတင်ဝင်းရွှေ
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး
ထိုင်းဖုန်း။ ။ 0850181889
မြန်မာဖုန်း။ ။ 09261300680
ဦးတင်လှိုင်
မြန်မာဖုန်း။ ။09458032756
အဆွေတော်(ရတနာစံအိမ်တော်) မီနီမတ်
မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ဘုရင်မ စတိုး
084-52580
ဆန်ဆိုင်းရပ်ကွက်၊ တာချီလိတ်မြို့။
ဦးတင့်ဆွေ
ထိုင်းဖုန်း။ ။ 0894343777
မဇ္ဈိမလူမှုကူညီရေးအသင်းရုံး။
ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။