ရွမ္းျပည္နယ္ အေရွ႕ပုိင္းေဒသ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ တာခ်ီလိတ္ၿမဳိ႕နယ္ေ႐ြးေကာက္ပဲြေကာ္မရွင္အဖဲြ႕ခဲြ မွ အေထြေထြေ႐ြးေကာက္ပဲြ လုပ္ငန္းမ်ား ေအာင္ျမင္စြာ က်င္းပႏုိင္ေရးအတြက္ မဲ႐ံုမွဴး၊ ဒုတိယ မဲ႐ံုမွဴးမ်ား၏ လုပ္ငန္းတာ၀န္မ်ားအား ပညာေပးသင္တန္းအျဖစ္ စတင္ပို႔ခ်ျခင္းဖြင့္ပဲြကုိ ယေန႔ ေအာက္တုိဘာလ (၁၀)ရက္၊ နံနက္(၉)နာရီက ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။
ေရွးဦးစြာ ခ႐ုိင္ေ႐ြးေကာက္ပဲြေကာ္မရွင္အဖဲြ႕ခဲြ ဥကၠ႒ ဦးၾကည္၀င္းေမာင္က အဖြင့္အမွာစကားေျပာၾကား ရာတြင္ လြတ္လပ္၍ ပြင့္လင္းျမင္သာၿပီး တရားမွ်တသည့္ ေရြးေကာက္ပဲြ ျဖစ္ေစရန္ မဲ႐ံုမွဴး၊ ဒုတိယမဲ႐ံုမွဴး အဓိက က်သည့္ လုပ္ငန္းတာ၀န္မ်ား ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဥပေဒ ၊ နည္းဥပေဒ၊ လုပ္ငန္းလမ္းညႊန္ခ်က္မ်ားႏွင့္ အညီ ေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ ပဋိပကၡမ်ား၊ ျပႆနာမ်ား ေပၚေပါက္လာပါက ဥပေဒႏွင့္ အညီ ေျဖရွင္းေဆာင္ရြက္ ရမည္ျဖစ္၍ သင္တန္းတြင္ အထူးအေလးထား သင္ယူသြားရန္လုိအပ္ေၾကာင္း ေျပာၾကားသည္။
ထုိ႔ေနာက္ ၿမဳိ႕နယ္ေ႐ြးေကာက္ပဲြေကာ္မရွင္အဖဲြ႕ခဲြဥကၠ႒ ဦးထိန္မင္းက သင္တန္းဖြင့္လွစ္ရျခင္းႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားၿပီး ၊ အဖဲြ႕၀င္ ၿမဳိ႕နယ္ဥပေဒအရာရွိ ဦးေက်ာ္ေက်ာ္လင္းက သင္တန္း စည္းကမ္းခ်က္မ်ားအား ရွင္းလင္းေဆြးေႏြးသည္။
အဆုိပါသင္တန္းအား ၿမဳိ႕နယ္အတြင္းရွိ မဲ႐ံု(၅၈)႐ံုတြင္ မဲ႐ံုမွဴး ၊ ဒုတိယမဲ႐ံုမွဴး တာ၀န္ထမ္းေဆာင္မည့္ ပညာေရး၊ က်န္းမာေရး ႏွင့္ ဌာနဆုိင္ရာမ်ားမွ ၀န္ထမ္း(၁၁၆)ဦး တုိ႔ တက္ေရာက္ၿပီး၊ သင္တန္းကုိ ၁၀-၁၀-၂၀၁၅ ရက္ေန႔မွ ၁၁-၁၀-၂၀၁၅ ရက္ေန႔ အထိ လက္ေတြ႕မဲေပးနည္း သ႐ုပ္ျပမ်ားႏွင့္အတူ ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္းသိရသည္။
( ေဇာ္ဂ်ီေဖာင့္ျဖင့္ ဖတ္မရသူမ်ားအတြက္ ယူနီကုတ္ျဖင့္ ေအာက္တြင္ ေဖာ္ျပထားပါသည္။
( Unicode )
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်တွင် တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများ၏ လုပ်ငန်းတာဝန်များအား ပညာပေးသင်တန်းအဖြစ် စတင်ပို့ချခြင်းဖွင့်ပွဲကို ယနေ့ အောက်တိုဘာလ (၁၀)ရက်၊ နံနက်(၉)နာရီက အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်က အဖွင့်အမှာစကားပြောကြား ရာတွင် လွတ်လပ်၍ ပွင့်လင်းမြင်သာပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူး အဓိက ကျသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဋိပက္ခများ၊ ပြဿနာများ ပေါ်ပေါက်လာပါက ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်၍ သင်တန်းတွင် အထူးအလေးထား သင်ယူသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထိန်မင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ကျော်လင်းက သင်တန်း စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ မဲရုံ(၅၈)ရုံတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်မည့် ပညာရေး၊ ကျန်းမာရေး နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်း(၁၁၆)ဦး တို့ တက်ရောက်ပြီး၊ သင်တန်းကို ၁၀-၁၀-၂၀၁၅ ရက်နေ့မှ ၁၁-၁၀-၂၀၁၅ ရက်နေ့ အထိ လက်တွေ့မဲပေးနည်း သရုပ်ပြများနှင့်အတူ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။