တာချီလိတ်၌ အာမခံပေးသည့် ဖုန်းများကိုသာ အ၀ယ်များလာ

တာချီလိတ်၌ အာမခံပေးသည့် ဖုန်းများကိုသာ အ၀ယ်များလာ
အောက်တိုဘာ 6, 2015
By Tachileik News Agency

ပြည်တွင်းမှ တင်သွင်းသည့် အာမခံပေးလာသော ဖုန်းများကို တာချီလိတ်မြို့ခံများသည် ယခင်ကထက် ၀ယ်ယူမှုများပြားလျှက် ရှိလာကြောင်း သိရသည်။

“အခု ဖုန်းဝယ်တဲ့ သူတွေက ဖုန်းဝယ်ရင် အာမခံရှိ၊ မရှိကို အရင်မေးလာတတ်တယ် အရင်က ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဖုန်းတွေပဲ ၀ယ်ကြတာ ဒေသခံ ဖုန်းဝယ်သူတွေက ဖုန်းရွေးချယ်တတ်လာပြီလို့ ပြောလို့ရတယ်.."ဟု TOP Mobile ဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုဆန်းမင်းဦးက ပြောပြသည်။

ထိုင်းနိုင်ငံထုတ် ဖုန်းများကို အာမခံစနစ်ပေးမှုအား ထိုင်းနိုင်ငံသားများကိုသာ ပေးအပ်ခြင်းကြောင့် ဒေသခံများမှာ ပြည်တွင်းမှ အာမခံပေးသော ဖုန်းအမျိုးအစားများကို ရွေးချယ်ဝယ်ယူလျှက်ရှိခြင်းကြောင့် ထိုင်းနိုင်ငံမှ လိုင်စင်မဲ့သွင်းသော ဖုန်းများ ၀ယ်ယူသုံးစွဲသူ နည်းပါးသွားကြောင်း ၎င်းထံမှ သိရသည်။

တာချီလိတ်၌ မိုဘိုင်းဖုန်းဈေးကွက်အတွင်း Vivo နှင့် Oppo ဖုန်း အမျိုးအစားများအား လူကြိုက်များလျှက် ရှိပြီး အာမခံ(၁)နှစ် သက်တမ်းပေးထားကြောင်း သိရသည်။

Oppo Mirror 5 ဖုန်းတစ်လုံးလျှင် ကျပ်(၂၇,၉၀၀)၊ Oppo joy တစ်လုံးလျှင် ကျပ်(၉၉,၀၀၀)နှင့် Vivo V1 ကျပ်(၂၇,၈၀၀)ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ဖုန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များအား ရောင်းချရန် သတ်မှတ်ထားသော ဈေးနှုန်းများသာ ရောင်းချခွင့် ပေးထားကြောင်းနှင့် ဈေးနှုန်းပိုမို တိုးမြှင့်ရောင်းချပါက ကုမ္ပဏီမှ အရောင်းကိုယ်စားလှယ်အား စာချုပ်ပါအတိုင်း တရားစွဲနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~