ရွမ္းျပည္နယ္ - အေရွ ့ပိုင္း သတၳဳလုပ္ငန္းရွင္မ်ားအသင္းမွ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕၊ နားဟိုင္းလံုေက်းရြာရွိ လယ္သမားမ်ား၏ လယ္ယာသီးႏွံေလ်ာ္ေၾကးကိစၥမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ကုမၸဏီမ်ား ႏွင့္ လယ္သမားမ်ားအား ေတြ႕ဆံုေစၿပီး ညႇိႏႈိင္းေဆြးေႏြးမႈကို ယေန႔ ၂၀၁၅ခုနွစ္ ေအာက္တိုဘာလ (၂၄)ရက္ ေန႔လည္ပိုင္းက အဆိုပါ အသင္း၏ ရံုးခန္းတြင္ က်င္းပျပဳလုပ္သည္။
တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕၊ နားဟိုင္းလံုေက်းရြာအနီးရွိ ေရႊတူးေဖၚေရး ကုမၸဏီ (၄)ခုေၾကာင့္ ပ်က္စီးသြားေသာ လယ္ယာေျမမ်ားႏွင့္ ပတ္သက္၍ ေဒသခံ အခ်ိဳ႕သည္ ကုမၸဏီမ်ားကို ေျမယာ ေလ်ာ္ေၾကးမ်ား ေပးေလ်ာ္ၿပီး ပ်က္စီးသြားေသာ ေခ်ာင္းေျမာင္းမ်ားအား ျပန္လည္ျပင္ဆင္ကာ လုပ္ငန္းမ်ားကို ဆက္လက္ လုပ္ကိုင္ေစလိုေသာ္လည္း လယ္သမားအခ်ိဳ႕မွာ ယင္းကုမၸဏီမ်ား လုပ္ငန္းလံုး၀ ရပ္တန္႔ကာ လုပ္ကြက္မ်ားမွ ထြက္ခြာေစလိုေၾကာင္း ၎တို႔ အျပန္အလွန္ ေဆြးေႏြးမႈမ်ား အရ သိရသည္။
"ကၽြန္မတို႔ တင္ျပေတာင္းဆိုတာက ဧက(၃၀၀)အတြက္ပါ၊ တကယ္တမ္းရတာ (၁၆၈)ဧကဆိုေတာ့ ရြာသားေတြမွာ တစ္ခ်ိဳ႕ကရတယ္၊ တစ္ခ်ိဳ႕က မရဘူးဆိုၿပီး ျပႆနာျဖစ္ေနပါတယ္၊ အခုဆို လယ္သမား တစ္ဦး ေရမလာလို႔ ေတာင္ေပၚတက္ၾကည့္တာကေန ေသဆံုးတဲ့ အထိျဖစ္ပြားခဲ့ရတယ္.."ဟု နားဟိုင္းလံုရြာမွ လယ္သမားမ်ား၏ ကိုယ္စားလွယ္ မနန္းလာက တင္ျပေဆြးေႏြးသည္။
၎သည္ ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ (၁၄)ရက္ နံနက္(၁၀)နာရီအခ်ိန္က နမ့္ခမ္းေခ်ာင္းဦးပိုင္း ေခ်ာင္းဦးေရထြက္ စစ္ေဆးရန္ သြားေရာက္ၾကည့္ ရွုစဥ္ ေဒသခံေတာင္သူ လယ္သမားတစ္ဦး ပစ္ခတ္ခံရၿပီး ေသဆုံးသြားသည့္ ကိစၥႏွင့္ ပတ္သက္၍ တင္ျပျခင္းျဖစ္သည္။
"တကယ္တမ္း တာ၀န္ရွိတဲ့ ကုမၸဏီ(၄)ခုမွာ စိုင္းတစ္ကုမၸဏီ၊ စိုင္းရြက္ခမ္းကုမၸဏီ၊ လြယ္ခမ္းလံုကုမၸဏီနဲ႔ စိုင္းစိုက္ပ်ိဳးေရးကုမၸဏီတို႔ ျဖစ္ပါတယ္၊ စိုင္းရြက္ခမ္းကုမၸဏီက သတၱဳတြင္း၀န္ႀကီးဌာနရဲ႕ တရား၀င္ ခြင့္ျပဳခ်က္နဲ႔ ေဆာင္ရြက္ခဲ့တာ မဟုတ္ပါဘူး၊ အခုအခ်ိန္မွာ ေလ်ာ္ေၾကးေပးတဲ့ ေနရာမွာလဲ ကုမၸဏီ(၃)ခုသာ အမည္ေပါက္ေလ်ာ္ေၾကးေပးခဲ့ပါတယ္၊ ေလ်ာ္ေၾကးေပးခဲ့တဲ့ (၃)ႏွစ္မွာ ပထမ(၂)ႏွစ္က ရြာသားေတြနဲ႔ သက္ဆိုင္ရာ ကုမၸဏီေတြရဲ႕ နားလည္မႈေပးခဲ့တာပါ၊ ေနာက္ဆံုးႏွစ္မွ အသင္းအေနနဲ႔ တာ၀န္ရွိသူေတြနဲ႔ ကြင္းဆင္းစစ္ေဆးၿပီး ေလ်ာ္ေၾကးေပးခဲ့ပါတယ္.."ဟု ရွမ္းေရွ႕ သတၱဳလုပ္ငန္းရွင္မ်ား အသင္း အတြင္းေရးမွဴး ဦးတင္ႏြယ္မွ ရွင္းလင္းေျပာၾကားသည္။
"ကုမၸဏီေတြကို ရပ္ဆုိင္းၿပီး ဆက္မလုပ္ေစခ်င္ဘူးဗ်ာ ဆက္လုပ္ရင္လည္း ျပႆနာဆက္ျဖစ္မွာဘဲ.."ဟု လယ္ပိုင္ရွင္ တစ္ဦးျဖစ္သူ ဦးစိုင္းဆမ္မွ တင္ျပေျပာဆိုသည္။
"ကၽြန္ေတာ့္ အေနနဲ႔ကေတာ့ ေလ်ာ္ေၾကးေငြရၿပီး ပ်က္စီးသြားတာေတြ ျပန္ျပင္ေပးရင္ရပါၿပီ၊ ဆက္လုပ္တာ မလုပ္တာက ႏိုင္ငံေတာ္နဲ႔ဘဲ ဆိုင္တာမို႔လို႔ပါ.."ဟု လယ္ပိုင္ရွင္ ဦးလံုးဆမ္မွ ေျပာသည္။
နားဟိုင္းလံုေက်းရြာရွိ လယ္ယာေျမ (၁၆၈)ဧကအတြက္ တစ္ဧကလွ်င္ က်ပ္(၆)သိန္း(၆)ေသာင္းႏွဳန္းျဖင့္ က်ပ္(၁၁၁,၁၇၇,၀၀၀)အား ၂၀၁၄ ခုႏွစ္အတြက္ ေပးေလ်ာ္ခဲ့ၿပီးေၾကာင္း သိရၿပီး၊ ၂၀၁၅ ခုႏွစ္အတြက္ ေပးေလ်ာ္ထားရွိမႈ မရွိေသးေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ ကုမၸဏီအေနနဲ႔ ရြာမွာ ဆိုလာျပားေတြ၊ ေသာက္ေရကန္ေတြ၊ စာသင္ေက်ာင္း စားပြဲ၊ ကုလားထုိင္ကအစ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ လုပ္ေပးပါတယ္၊ လမ္းလဲျပင္ေပးတယ္၊ ေဖါက္လုပ္ ေပးခဲ့ပါတယ္.."ဟု လြယ္ခမ္းလံုေရႊတူးေဖၚေရးကုမၸဏီမွ ဒါရိုက္တာ ဦးသိန္းကို၀င္းမွ ေျပာသည္။
အဆိုပါ ေတြ႕ဆံုေဆြးေနြးမႈတြင္ ရွမ္းျပည္နယ္ - အေရွ ့ပိုင္း သတၳဳလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးျမင့္ဦး ႏွင့္ အတြင္းေရးမွဴး ဦးတင္ႏြယ္ အပါအ၀င္ သက္ဆိုင္ရာ ကုမၸဏီမွ တာ၀န္ရွိသူမ်ား၊ နားဟိုင္းလံုေဒသမွ လယ္သမားမ်ား တက္ေရာက္ကာ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရွိရသည္။
**************
( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ )
ရှမ်းပြည်နယ် - အရှေ့ပိုင်း သတ္ထုလုပ်ငန်းရှင်များအသင်းမှ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလမြေို့၊ နားဟိုင်းလုံကျေးရွာရှိ လယ်သမားများ၏ လယ်ယာသီးနှံလျော်ကြေးကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများ နှင့် လယ်သမားများအား တွေ့ဆုံစပြေီး ညှိနှိုင်းဆွေးနွေးမှုကို ယနေ့ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၂၄)ရက် နေ့လည်ပိုင်းက အဆိုပါ အသင်း၏ ရုံးခန်းတွင် ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့နယ်၊ တာလမြေို့၊ နားဟိုင်းလုံကျေးရွာအနီးရှိ ရွှေတူးဖော်ရေး ကုမ္ပဏီ (၄)ခုကြောင့် ပျက်စီးသွားသော လယ်ယာမြေများနှင့် ပတ်သက်၍ ဒေသခံ အချို့သည် ကုမ္ပဏီများကို မြေယာ လျော်ကြေးများ ပေးလျော်ပြီး ပျက်စီးသွားသော ချောင်းမြောင်းများအား ပြန်လည်ပြင်ဆင်ကာ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်စေလိုသော်လည်း လယ်သမားအချို့မှာ ယင်းကုမ္ပဏီများ လုပ်ငန်းလုံးဝ ရပ်တန့်ကာ လုပ်ကွက်များမှ ထွက်ခွာစေလိုကြောင်း၎င်းတို့ အပြန်အလှန် ဆွေးနွေးမှုများ အရ သိရသည်။
"ကျွန်မတို့ တင်ပြတောင်းဆိုတာက ဧက(၃၀၀)အတွက်ပါ၊ တကယ်တမ်းရတာ (၁၆၈)ဧကဆိုတော့ ရွာသားတွေမှာ တစ်ချို့ကရတယ်၊ တစ်ချို့က မရဘူးဆိုပြီး ပြဿနာဖြစ်နေပါတယ်၊ အခုဆို လယ်သမား တစ်ဦး ရေမလာလို့ တောင်ပေါ်တက်ကြည့်တာကနေ သေဆုံးတဲ့ အထိဖြစ်ပွားခဲ့ရတယ်.."ဟု နားဟိုင်းလုံရွာမှ လယ်သမားများ၏ ကိုယ်စားလှယ် မနန်းလာက တင်ပြဆွေးနွေးသည်။
၎င်းသည် ၂၀၁၅ခုနှစ် အောက်တိုဘာလ (၁၄)ရက် နံနက်(၁၀)နာရီအချိန်က နမ့်ခမ်းချောင်းဦးပိုင်း ချောင်းဦးရေထွက် စစ်ဆေးရန် သွားရောက်ကြည့် ရှုစဉ် ဒေသခံတောင်သူ လယ်သမားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်းဖြစ်သည်။
"တကယ်တမ်း တာဝန်ရှိတဲ့ ကုမ္ပဏီ(၄)ခုမှာ စိုင်းတစ်ကုမ္ပဏီ၊ စိုင်းရွက်ခမ်းကုမ္ပဏီ၊ လွယ်ခမ်းလုံကုမ္ပဏီနဲ့ စိုင်းစိုက်ပျိုးရေးကုမ္ပဏီတို့ ဖြစ်ပါတယ်၊ စိုင်းရွက်ခမ်းကုမ္ပဏီက သတ္တုတွင်းဝန်ကြီးဌာနရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး၊ အခုအချိန်မှာ လျော်ကြေးပေးတဲ့ နေရာမှာလဲ ကုမ္ပဏီ(၃)ခုသာ အမည်ပေါက်လျော်ကြေးပေးခဲ့ပါတယ်၊ လျော်ကြေးပေးခဲ့တဲ့ (၃)နှစ်မှာ ပထမ(၂)နှစ်က ရွာသားတွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ နားလည်မှုနေပေးခဲ့တာပါ၊ နောက်ဆုံးနှစ်မှ အသင်းအနေနဲ့ တာဝန်ရှိသူတွေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လျော်ကြေးပေးခဲ့ပါတယ်.."ဟု ရှမ်းရှေ့ သတ္တုလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်နွယ်မှ ရှင်းလင်းပြောကြားသည်။
"ကုမ္ပဏီတွေကို ရပ်ဆိုင်းပြီး ဆက်မလုပ်စေချင်ဘူးဗျာ ဆက်လုပ်ရင်လည်း ပြဿနာဆက်ဖြစ်မှာဘဲ.."ဟု လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစိုင်းဆမ်မှ တင်ပြပြောဆိုသည်။
"ကျွန်တော့် အနေနဲ့ကတော့ လျော်ကြေးငွေရပြီး ပျက်စီးသွားတာတွေ ပြန်ပြင်ပေးရင်ရပါပြီ၊ ဆက်လုပ်တာ မလုပ်တာက နိုင်ငံတော်နဲ့ဘဲ ဆိုင်တာမို့လို့ပါ.."ဟု လယ်ပိုင်ရှင် ဦးလုံးဆမ်မှ ပြောသည်။
နားဟိုင်းလုံကျေးရွာရှိ လယ်ယာမြေ (၁၆၈)ဧကအတွက် တစ်ဧကလျှင် ကျပ်(၆)သိန်း(၆)သောင်းနှုန်းဖြင့် ကျပ်(၁၁၁,၁၇၇,ဝဝဝ)အား ၂၀၁၄ ခုနှစ်အတွက် ပေးလျော်ခဲ့ပြီးကြောင်း သိရပြီး၊ ၂၀၁၅ ခုနှစ်အတွက် ပေးလျော်ထားရှိမှု မရှိသေးကြောင်း သိရသည်။
"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ရွာမှာ ဆိုလာပြားတွေ၊ သောက်ရေကန်တွေ၊ စာသင်ကျောင်း စားပွဲ၊ ကုလားထိုင်ကအစ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးပါတယ်၊ လမ်းလဲပြင်ပေးတယ်၊ ဖောက်လုပ် ပေးခဲ့ပါတယ်.."ဟု လွယ်ခမ်းလုံရွှေတူးဖော်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးသိန်းကိုဝင်းမှ ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ရှမ်းပြည်နယ် - အရှေ့ပိုင်း သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အတွင်းရေးမှူး ဦးတင်နွယ် အပါအဝင် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ နားဟိုင်းလုံဒေသမှ လယ်သမားများ တက်ရောက်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။