တာခ်ီလိတ္ Mobile Team မွ အခြန္ေကာက္ခ်င္တိုင္း ေကာက္ေနျခင္းဟာ ဥပေဒႏွင့္ မကိုက္ညီေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

တာခ်ီလိတ္ Mobile Team မွ အခြန္ေကာက္ခ်င္တိုင္း ေကာက္ေနျခင္းဟာ ဥပေဒႏွင့္ မကိုက္ညီေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား
အောက်တိုဘာ 22, 2015
By Tachileik News Agency

ေအာက္တိုဘာလ (၂၂)ရက္ နံနက္ပိုင္းက မိုင္းၿဖတ္ၿမိဳ႕ လူထုေတြ႕ဆံုပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္က တာခ်ီလိတ္  Mobile Team ႏွင့္ ပတ္သက္၍ အခြန္ေကာက္ခ်င္တိုင္း ေကာက္ေနျခင္းဟာ ဥပေဒႏွင့္ မကိုက္ညီေၾကာင္း ေျပာၾကားသြားသည္။

"တာခ်ီလိတ္ကို လာတဲ့အခါမွာ ဘာသိရလဲဆိုေတာ့ ဒီဘက္ပိုင္းမွာ Mobile Team ဆိုတာဟာ အခြန္အေကာက္ေတြကို ေကာက္ခ်င္တိုင္း ေကာက္ေနတယ္ဆိုၿပီးေတာ့ ေဒသခံေတြက ကြ်န္မကို ေျပာပါတယ္၊ ဒါဟာ ဥပေဒနဲ႔ မကိုက္ညီပါဘူး၊ ဒါဥပေဒအရ သတ္မွတ္ထားတဲ့ ကိစၥမဟုတ္ပါဘူး၊ လုပ္ႏိုင္တဲ့ အာဏာရွိတဲ့ လူေတြက လုပ္ခ်င္သလို လုပ္ေနသလို ျဖစ္ေနတဲ့ ကိစၥေတြပါ"ဟု ေျပာၾကားသြားခဲ့ျခင္းျဖစ္သည္။

စနစ္ေျပာင္းလဲေရးကိစၥႏွင့္ ပတ္သက္၍ "ကြ်န္မတို႔ စနစ္ေျပာင္းခ်င္တယ္ဆိုတာဟာ အာဏာရွိတဲ့လူေတြက လုပ္ခ်င္သလို လုပ္လို႕မရတဲ့စနစ္ကို ကြ်န္မတို႔ ေျပာင္းရမွာပါ၊ တရားဥပေဒနဲ႔ ကိုက္ညီတဲ့ စနစ္၊ ျပည္သူေတြရဲ႕ ဆႏၵနဲ႔ ကိုက္ညီတဲ့ စနစ္၊ ျပည္သူေတြရဲ႕ အက်ဳိးစီးပြားနဲ႔ ကိုက္ညီတဲ့ စနစ္ကို ကြ်န္မတို႔ ထူေထာင္ရမွာ ျဖစ္ပါတယ္၊ ဒီလို ထူေထာင္တဲ့အခါမွာ ကြ်န္မတို႔ဟာ ျပည္သူလူထုရဲ႕ ေထာက္ခံမႈကို လိုအပ္ေနပါတယ္.."ဟု ၎မွ ဆက္လက္ေျပာၾကားသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ရွမ္းျပည္နယ္အေရွ႕ပိုင္းခရီးစဥ္တြင္ တာခ်ီလိတ္ၿမိဳ႕၌ ေအာက္တိုဘာလ (၂၁)ရက္ေန႔ ညေနပိုင္းက လူထုေတြ႕ဆံု ေဟာေျပာသြားခဲ့တာျဖစ္ၿပီး၊ ေအာက္တိုဘာလ(၂၂)ရက္ေန႔တြင္ မိုင္းျဖတ္ၿမိဳ႕ႏွင့္က်ဳိင္းတံုၿမိဳ႕တို႔တြင္ ေဟာေျပာၿပီး ညေနပိုင္းမွာ ရန္ကုန္ၿမိဳ႕သို႔ က်ဳိင္းတံုေလဆိပ္မွ တဆင့္ ထြက္ခြာသြားေၾကာင္း သိရသည္။

*************

( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ unicode ျဖင့္ ေဖာ္ျပထားပါသည္ )

အောက်တိုဘာလ (၂၂)ရက် နံနက်ပိုင်းက မိုင်းဖြတ်မြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တာချီလိတ် Mobile Team နှင့် ပတ်သက်၍ အခွန်ကောက်ချင်တိုင်း ကောက်နခြေင်းဟာ ဥပဒေနှင့် မကိုက်ညီကြောင်း ပြောကြားသွားသည်။

"တာချီလိတ်ကို လာတဲ့အခါမှာ ဘာသိရလဲဆိုတော့ ဒီဘက်ပိုင်းမှာ Mobile Team ဆိုတာဟာ အခွန်အကောက်တွေကို ကောက်ချင်တိုင်း ကောက်နေတယ်ဆိုပြီးတော့ ဒေသခံတွေက ကျွန်မကို ပြောပါတယ်၊ ဒါဟာ ဥပဒေနဲ့ မကိုက်ညီပါဘူး၊ ဒါဥပဒေအရ သတ်မှတ်ထားတဲ့ ကိစ္စမဟုတ်ပါဘူး၊ လုပ်နိုင်တဲ့ အာဏာရှိတဲ့ လူတွေက လုပ်ချင်သလို လုပ်နေသလို ဖြစ်နေတဲ့ ကိစ္စတွေပါ"ဟု ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

စနစ်ပြောင်းလဲရေးကိစ္စနှင့် ပတ်သက်၍ "ကျွန်မတို့ စနစ်ပြောင်းချင်တယ်ဆိုတာဟာ အာဏာရှိတဲ့လူတွေက လုပ်ချင်သလို လုပ်လို့မရတဲ့စနစ်ကို ကျွန်မတို့ ပြောင်းရမှာပါ၊ တရားဥပဒေနဲ့ ကိုက်ညီတဲ့ စနစ်၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ စနစ်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ စနစ်ကို ကျွန်မတို့ ထူထောင်ရမှာ ဖြစ်ပါတယ်၊ ဒီလို ထူထောင်တဲ့အခါမှာ ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို လိုအပ်နေပါတယ်.."ဟု၎င်းမှ ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်တွင် တာချီလိတ်မြို့၌ အောက်တိုဘာလ (၂၁)ရက်နေ့ ညနေပိုင်းက လူထုတွေ့ဆုံ ဟောပြောသွားခဲ့တာဖြစ်ပြီး၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် မိုင်းဖြတ်မြို့နှင့်ကျိုင်းတုံမြို့တို့တွင် ဟောပြောပြီး ညနေပိုင်းမှာ ရန်ကုန်မြို့သို့ ကျိုင်းတုံလေဆိပ်မှ တဆင့် ထွက်ခွာသွားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~