ဘန်ကောက်မြို့ မြန်မာသံရုံး၌ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်

ဘန်ကောက်မြို့ မြန်မာသံရုံး၌ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်
အောက်တိုဘာ 8, 2015
By Tachileik News Agency

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ထိုင်းနိုင်ငံအတွင်း တရားဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးမှုကို အောက်တိုဘာလ (၁၇)ရက်နေ့တွင် ပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။

ထိုသို့ ဆန္ဒမဲပေးရာတွင် မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်မှ မြို့နယ်များရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများကို မဲပေးနိုင်မှာဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မဲပေးနိုင်ရေးအတွက် စာရင်းပေးသွင်းနိုင်ရေးကို စက်တင်ဘာလ (၁၆)ရက်နေ့အထိ သတ်မှတ်ခဲ့ပြီးနောက် မဲပေးရမည့် ရက်ကို အောက်တိုဘာလ(၁၇)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအချိန်ထိ သတ်မှတ်ထားရာ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~