တာချီလိတ်မြို့တွင် လက်မှုပညာဖြင့် သက်မွေးဝမ်းကျောင်းလိုသူ အမျိုးသမီးများအတွက် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ "မိဘမေတ္တာ" အမျိုးသမီးအပ်ချုပ်ဆိုင်တွင် (၆)လအပြတ် သင်တန်းအဖြစ် လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
"မိဘမေတ္တာ" အမျိုးသမီးအပ်ချုပ်ဆိုင်မှ သင်တန်းတက်ရောက်လိုသူများကို ဒီဇိုင်းဖော်ခြင်း၊ ဗမာအက်ႌခါးတို ပံုစံအမ်ဳိးမ်ဳိး၊ Blouse ပံုစံအမ်ဳိးမ်ဳိး၊ သတို႔သမီးအက်ႌ အမ်ဳိးမ်ဳိး၊ ရွပ္အက်ႌ အမ်ဳိးမ်ဳိး၊ ကုတ္အက်ႌ အမ်ဳိးမ်ဳိး၊ ဂါ၀န္ အမ်ဳိးမ်ဳိး၊ ကေလးအက်ႌ အမ်ဳိးမ်ဳိး နှင့် ချိတ်/သုံးလွှာ၊ လေးလွှာ၊ စကတ်အမျိုးမျိုး ပတ်ထမိန် အမျိုးမျိုး စသည်တို့ကို သင်ကြားပေးမှာ ဖြစ်ကြောင်း သိရသည်။
သင်တန်းအား စိတ်ဝင်စားလိုသူများ အနေဖြင့် မိမိတို့ သင်ယူလိုသည့် ကဏ္ဍတစ်ခုတည်းကိုသော် လည်းကောင်း၊ ဖော်ပြပါ ကဏ္ဍအားလုံးကိုသော် လည်းကောင်း (၆)လပြတ်ဖြင့် သင်ယူနိုင်မှာဖြစ်ပြီး သင်တန်းသတ်မှတ် နှုန်းထားများနှင့် ပတ်သက်၍ ဖော်ပြပါ လိပ်စာမှတဆင့် ဆက်သွယ် မေးမြန်းနိုင်မှာဖြစ်ကြောင်း သိရသည်။
"သင်တန်းကိုတော့ တစ်မျိုးစီ သင်ချင်ရင်လည်း ရတယ်၊ (၉)မျိုးလုံး သင်ယူချင်တယ်ဆိုရင်လည်း ရပါတယ်၊ (၆)လနဲ့ အတတ်သင်ကြားပေးသွားမှာပါ.."ဟု "မိဘမေတ္တာ" အမျိုးသမီးအပ်ချုပ်ဆိုင်မှ သင်ကြားမှု ဆရာမက ပြောပြသည်။
ဆက်သွယ်ရန်လိပ်စာ
"မိဘမေတ္တာ" အမျိုးသမီးအပ်ချုပ်ဆိုင်
ရွှေသဲအိမ်ဆောက်ပစ္စည်းဆိုင်အနောက်ဘက်လမ်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့
ထိုင်းဖုန်း။ ။ 0992400151 ၊ 0948376592၊ မြန်မာဖုန်း။ ။ 09256490537