တာခ်ီလိတ္၌ ပံုစံ ၃(က) ျဖည့္သြင္းသူ မ်ားျပားေသာ္လည္း ဆႏၵမဲလက္မွတ္ မလံုေလာက္မွာကို မစိုးရိမ္ရ

တာခ်ီလိတ္၌ ပံုစံ ၃(က) ျဖည့္သြင္းသူ မ်ားျပားေသာ္လည္း ဆႏၵမဲလက္မွတ္ မလံုေလာက္မွာကို မစိုးရိမ္ရ
အောက်တိုဘာ 16, 2015
By Tachileik News Agency

ပံုစံ ၃(က)ျဖင့္ ေနာက္ဆံုး တင္သြင္းလာေသာ ဆႏၵမဲေပးမည့္ မဲဆႏၵရွင္ မ်ားျပားလာေသာ္လည္း ဆႏၵမဲလက္မွတ္ လံုေလာက္မႈရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ သိရသည္။

"ပံုစံ ၃(က)ေတြ လာျဖည့္တဲ့သူ မ်ားေပမယ့္ ကၽြန္ေတာ္တို႔ ခန္႔မွန္းၿပီး တြက္ခ်က္ထားတဲ့ စာရင္းနဲ႔ သိပ္မကြာေတာ့ စိုးရိမ္စရာ မရွိပါဘူး၊ ရန္ေအာင္ေျမရပ္ကြက္ (ပါလွ်ံ) က တက္လာတာ မ်ားတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ ဥကၠဌ ဦးထိန္မင္းမွ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း ပံုစံ ၃(က)ျဖင့္ ေအာက္တိုဘာလ (၁၀)ရက္ေန႔အထိ တင္သြင္းလာသူ (၇,၀၀၀)ခန္႔ရွိေၾကာင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဆႏၵမဲရွင္ စာရင္းအရ ဆႏၵမဲေပးခြင့္ရွိသူ (၉၄,၉၈၈)ဦးရွိကာ က်ား(၄၆,၂၀၈)ဦးႏွင့္ မ(၄၈,၇၈၀)ဦးရွိ၍ ႀကိဳတင္တြက္ခ်က္ထားမႈႏွင့္ ကြာျခားမႈ မရွိျခင္းေၾကာင့္ ပံုစံ ၃(က)ျဖင့္ တင္သြင္းလာသူမ်ား ဆႏၵမဲေပးခြင့္ ဆံုးရွံဳးမႈ မရွိႏိုင္ေၾကာင္း ၎ထံမွ သိရသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းရွိ ခရုိင္(၃)ခုစာ ဆႏၵမဲေပးမည့္( ၃၇၂,၂၅၅)ဦးအတြက္ ဆႏၵမဲလက္မွတ္မ်ား ေအာက္တိုဘာလ (၁၅)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕သို႔ ေရာက္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တြင္ က်ိဳင္းတံုခရိုင္တြင္ (၁၆၉၄၅၅)ဦး၊ မိုင္းဆတ္ခရိုင္တြင္ (၆၄၀၅၃)ဦး၊ တာခ်ီလိတ္ခရိုင္တြင္ (၁၃၈၇၄၇)ဦး အတြက္ ဆႏၵမဲလက္မွတ္မ်ားအား သက္ဆိုင္ရာ ခရိုင္ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲမ်ားထံ  လႊဲေျပာင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

***************

Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ Unicode ျဖင့္ ေဖာ္ျပထားပါသည္။

---

ပုံစံ ၃(က)ဖြင့် နောက်ဆုံး တင်သွင်းလာသော ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် များပြားလာသော်လည်း ဆန္ဒမဲလက်မှတ် လုံလောက်မှုရှိကြောင်း တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

"ပုံစံ ၃(က)တွေ လာဖြည့်တဲ့သူ များပေမယ့် ကျွန်တော်တို့ ခန့်မှန်းပြီး တွက်ချက်ထားတဲ့ စာရင်းနဲ့ သိပ်မကွာတော့ စိုးရိမ်စရာ မရှိပါဘူး၊ ရန်အောင်မြေရပ်ကွက် (ပါလျှံ) က တက်လာတာ များတယ်"ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းမှ ပြောသည်။

တာချီလိတ်မြို့နယ် အတွင်း ပုံစံ ၃(က)ဖြင့် အောက်တိုဘာလ (၁၀)ရက်နေ့အထိ တင်သွင်းလာသူ (၇,ဝဝဝ)ခန့်ရှိကြောင်း၊ တာချီလိတ်မြို့နယ်အတွင်း ဆန္ဒမဲရှင် စာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ (၉၄,၉၈၈)ဦးရှိကာ ကျား(၄၆,၂၀၈)ဦးနှင့် မ(၄၈,၇၈၀)ဦးရှိ၍ ကြိုတင်တွက်ချက်ထားမှုနှင့် ကွာခြားမှု မရှိခြင်းကြောင့် ပုံစံ ၃(က)ဖြင့် တင်သွင်းလာသူများ ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှု မရှိနိုင်ကြောင်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ခရိုင်(၃)ခုစာ ဆန္ဒမဲပေးမည့်( ၃၇၂,၂၅၅)ဦးအတွက် ဆန္ဒမဲလက်မှတ်များ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကျိုင်းတုံမြို့သို့ ရောက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကျိုင်းတုံခရိုင်တွင် (၁၆၉၄၅၅)ဦး၊ မိုင်းဆတ်ခရိုင်တွင် (၆၄၀၅၃)ဦး၊ တာချီလိတ်ခရိုင်တွင် (၁၃၈၇၄၇)ဦး အတွက် ဆန္ဒမဲလက်မှတ်များအား သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~