၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၏ အမှတ်(၁) မဲဆန္ဒနယ်တွင် မဲရုံပေါင်း (၃၀)တိတိရှိပြီး၊ အမှတ်(၂) မဲဆန္ဒနယ်တွင် မဲရုံပေါင်း (၂၈)ရုံရှိရာ စုစုပေါင်းမှာ တာချီလိတ်မြို့နယ်တွင် မဲရုံပေါင်း (၅၈)ရုံရှိကြောင်း တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
တာချီလိတ်မြို့နယ်၏ အမှတ်(၁) မဲဆန္ဒနယ်တွင် ရပ်ကွက်များ အနေဖြင့် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ဆေခမ်းရပ်ကွက်၊ ပါဆတ်ရပ်ကွက် နှင့် ၀ိန်းကျောက် ရပ်ကွက်တို့ဖြစ်ရာ မြို့ပေါ် (၁၁)ရပ်ကွက်တွင် မဲရုံပေါင်း (၂၁)ရုံရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၏ အမှတ်(၁) မဲဆန္ဒနယ်တွင် ကျေးရွာအုပ်စုများအနေဖြင့် ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စု နှင့် ၀မ်လုံးကျေးရွာအုပ်စုတို့ဖြစ်ရာ ကျေးရွာအုပ်စု စုစုပေါင်း (၄)စုတွင် မဲရုံပေါင်း (၉)ရုံရှိမှာ ဖြစ်ကြောင်း သိရသည်။