သေဆုံးနေသူ အသက်(၃၀)နှစ်ရှိ အမျိုးသားသည် နေအိမ်မှ ပျောက်ဆုံးနေသည်မှာ (၃)ရက်ခန့် ရှိပြီဖြစ်ကြောင်း၊ ၎င်းအမျိုးသားမှာ အရက်အလွန်အကျွံ သောက်သုံးသဖြင့် အရက်ကြောင်နေသူ တစ်ဦးဖြစ်ခြင်းကြောင့် ရွှေတြိဂံတိုင်းစစ်ဌာချုပ် အနီးရှိ ရေကန်တွင်း ပြုတ်ကျသေဆုံးခြင်းဖြစ်နိုင်ကြောင်းနှင့် လူပျောက်မှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မ ရဲစခန်းတွင် လူပျောက်မှုအဖြစ် တိုင်ကြားထားရှိပြီးကြောင်း သိရသည်။
စိတ်မနှံ့သော အမျိုးသမီးတစ်ဦးမှာ ကျိုင်းတုံမြို့ ဂေါက်ကွင်း၊ ကွင်းအမှတ်(၇)ရှိ ရေကန်အတွင်း ကြာပြင်များကြား သေဆုံးနေခြင်းဖြစ်ကြောင်း၊ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းမှ ရင်ခွဲရုံသို့ ပို့ထားပြီး သင်္ဂြိုဟ်ပေးရန် စီစဉ်ထားကြောင်းနှင့် ကျိုင်းတုံမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် စိတ်မနှံ့သူတစ်ဦးနှင့် နေအိမ်မှ ပျောက်ဆုံးနေသူ လူ(၂)ဦး အောက်တိုဘာလ (၁၇)ရက်နေ့ တစ်ရက်တည်းတွင် တိုက်ဆိုင်စွာဖြင့် ရေနစ်သေဆုံးကြောင်း သိရသည်။
"တစ်ယောက်က အမျိုးသားပါ၊ သူက မနက်ပိုင်းမှာ ရေကန်ထဲကတွေ့လို့ ရင်ခွဲရုံပို့ထားတယ်၊ နောက်တစ်ယောက်က စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ဦးပါ၊ နေ့လည်ပိုင်းမှာ တွေ့တာ တစ်ယောက် တစ်နေရာစီမှာ သေနေတာပါ.."ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံမြို့ တိုင်းစစ်ဌာချုပ်အနီး ရေကန်အတွင်း အောက်တိုဘာ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် အသက်(၃၀)ခန့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေသဖြင့် ရင်ခွဲရုံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
သေဆုံးနေသူ အသက်(၃၀)နှစ်ရှိ အမျိုးသားသည် နေအိမ်မှ ပျောက်ဆုံးနေသည်မှာ (၃)ရက်ခန့် ရှိပြီဖြစ်ကြောင်း၊၎င်းအမျိုးသားမှာ အရက်အလွန်အကျွံ သောက်သုံးသဖြင့် အရက်ကြောင်နေသူ တစ်ဦးဖြစ်ခြင်းကြောင့် ရွှတြေိဂံတိုင်းစစ်ဌာချုပ် အနီးရှိ ရေကန်တွင်း ပြုတ်ကျသေဆုံးခြင်းဖြစ်နိုင်ကြောင်းနှင့် လူပျောက်မှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မ ရဲစခန်းတွင် လူပျောက်မှုအဖြစ် တိုင်ကြားထားရှိပြီးကြောင်း သိရသည်။
စိတ်မနှံ့သော အမျိုးသမီးတစ်ဦးမှာ ကျိုင်းတုံမြို့ ဂေါက်ကွင်း၊ ကွင်းအမှတ်(၇)ရှိ ရေကန်အတွင်း ကြာပြင်များကြား သေဆုံးနခြေင်းဖြစ်ကြောင်း၊ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းမှ ရင်ခွဲရုံသို့ ပို့ထားပြီး သင်္ဂြိုဟ်ပေးရန် စီစဉ်ထားကြောင်းနှင့် ကျိုင်းတုံမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။