ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု တိုးတက်ခြင်းကြောင့် အလုပ်အကိုင် ပိုမိုရရှိ

ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု တိုးတက်ခြင်းကြောင့် အလုပ်အကိုင် ပိုမိုရရှိ
အောကျတိုဘာ 13, 2015
By Tachileik News Agency


"မြန်မာနိုင်ငံထဲကို ကမ္ဘာ့နာမည်ကြီး ဟိုတယ်အုပ်စုတွေ ၀င်ရောက်လာလို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာပါတယ်၊ ၂၀၁၄ ခုနှစ်မှ အလုပ်အကိုင်(၁.၁၃၄)သန်းရှိခဲ့ရာက အခုဆိုရင် ဆက်စပ် အလုပ်အကိုင် အခွင့်အလမ်းက (၁.၁၆၇)သန်းထိ ရှိလာပါပြီ၊ နောက်(၁၀)နှစ်ဆိုရင် (၂.၀၀၃)သန်းတိုးတက်မယ်လို့ ရည်မှန်းထာပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဥာဏ်မြတ်မင်းမှ တာချီလိတ်တွင် အောက်တိုဘာလ(၁၂)ရက်နေ့က ပြုလုပ်သော လူကုန်ကူးမှုတားဆီးရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။



*****************

Zawgyi font ဖြင့် ဖတ်မရသူများအတွက် ယူနီကုတ်ဖြင့် ဖော်ပြပေးထားပါသည်။

--

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းမှသိရသည်။

"မြန်မာနိုင်ငံထဲကို ကမာ္ဘ့နာမည်ကြီး ဟိုတယ်အုပ်စုတွေ ဝင်ရောက်လာလို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာပါတယ်၊ ၂၀၁၄ ခုနှစ်မှ အလုပ်အကိုင်(၁.၁၃၄)သန်းရှိခဲ့ရာက အခုဆိုရင် ဆက်စပ် အလုပ်အကိုင် အခွင့်အလမ်းက (၁.၁၆၇)သန်းထိ ရှိလာပါပြီ၊ နောက်(၁၀)နှစ်ဆိုရင် (၂.ဝဝ၃)သန်းတိုးတက်မယ်လို့ ရည်မှန်းထာပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဉာဏ်မြတ်မင်းမှ တာချီလိတ်တွင် အောက်တိုဘာလ(၁၂)ရက်နေ့က ပြုလုပ်သော လူကုန်ကူးမှုတားဆီးရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နာမည်ကြီး ဟိုတယ်လုပ်ငန်းအုပ်စုများဖြစ်သော ဗီယက်နမ်မှ HAGL၊ Accor, Kempiski, Hilton, Best Western နှင့် Sule Shangrila ကဲ့သို့သော လုပ်ငန်းစုများ ဝင်ရောက်လာခြင်းကြောင့် ခရီးသွားလုပ်ငန်းအပေါ် ရင်းနှီးမြုပ်နှံမှု တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းမှ မြန်မာနိုင်ငံတွင်း ဝင်ငွေရရှိမှုမှာ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၉၂၆)သန်း၊ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၇၈၆)သန်း၊ ၂၀၁၅ ခုနှစ်တွင် (၆.၈%)တိုးတက်ရန်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~