ဖြစ်စဉ်မှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ရွှေနဂါး(၈၈)မိုတယ်တွင် တည်းခိုနေသူ ဒေါ်နန်းစိန်ညွှန့်၊ ဦးစိုင်းရွှေ နှင့် နန်းလှကြည်တို့ (၃)ဦးသည် တာချီလိတ် - လားရှိုး ခရီးစဉ်အတွက် လေယာဉ်လက်မှတ် (၃)စောင်အား အဆိုပါ မိုတယ်မှ တဆင့် လေယာဉ်လက်မှတ် အရောင်းဌာနတစ်ခုသို့ ဆက်သွယ်ကာ လက်မှတ်ဝယ်ယူစေပြီး လေယာဉ်လက်မှတ်ဖိုးအတွက် ကျပ်သင့်ငွေဖြစ်သည့် (၂၃၁,၀၀၀)ကျပ်အတွက် တစ်သောင်းတန် (၂၃)ရွက်နှင့် တစ်ထောင်ကျပ်တန် တစ်ရွက်တို့ကို လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်အား ပေးချေရာ၊ အဆိုပါ အရောင်းကိုယ်စားလှယ်မှ မိုတယ်ဝန်ထမ်းအား ၀န်ဆောင်ခအဖြစ် တစ်သောင်းကျပ်တန် (၁)ရွက်အား ပေးခဲ့ပြီး ၎င်းသည် တစ်သောင်းတန် (၂၂)ရွက်အား လေယာဉ်လက်မှတ် အရောင်းဌာနသို့ ယူဆောင်လာပြီး ငွေစက္ကူများကို ကိုင်တွယ်ကြည့်သည့်အခါမှာ မသင်္ကာသည့်အတွက် အနီးအနားရှိ KBZ Bank သို့ သွားရောက်၍ စစ်ဆေးကြည့်ရာမှ အတုများဖြစ်နေကြောင်း သိရသည်။
ဖမ်းဆီးသိမ်းဆည်းရမိသော ငွေစက္ကူအတုများသည် လွန်ခဲ့သော (၁)လခန့်က ဒေါ်နန်းစိန်ညွှန့်၊ ဦးစိုင်းရွှေ နှင့် မနန်းလှကြည်တို့ (၃)ဦးသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့သွားရောက်ပြီး အပြန်တွင် မြန်မာကျပ်ငွေ တစ်သောင်းတန် အရွက်(၅၀၀)ကို ချင်းမိုင်မြို့မှ ယူဆောင်လာခဲ့ပြီး အောက်တိုဘာလ (၁၅)ရက်နေ့က အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်ယူလာကာ သုံးစွဲခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့ (၃)ဦးအား မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေဖြင့် အရေးယူထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
( Zawgyi Font ဖြင့် ဖတ်မရသူများအတွက် Unicode ဖြင့် ဖော်ပြထားပါသည်။ )
မြန်မာကျပ်ငွေအတုဖြင့် လေယာဉ်လက်မှတ်ဝယ်ယူရာမှ တစ်သောင်းတန် မြန်မာကျပ်ငွေအတု အမြောက်အများကို အောက်တိုဘာလ (၂၉)ရက်နေ့က သိမ်းဆည်းရမိထားပြီး အဆိုပါ ငွေအတုများသည် ထိုင်းနိုင်ငံမှ သယ်ဆောင်လာသည့် ငွေအတုများဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ရွှေနဂါး(၈၈)မိုတယ်တွင် တည်းခိုနေသူ ဒေါ်နန်းစိန်ညွှန့်၊ ဦးစိုင်းရွှေ နှင့် နန်းလှကြည်တို့ (၃)ဦးသည် တာချီလိတ် - လားရှိုး ခရီးစဉ်အတွက် လေယာဉ်လက်မှတ် (၃)စောင်အား အဆိုပါ မိုတယ်မှ တဆင့် လေယာဉ်လက်မှတ် အရောင်းဌာနတစ်ခုသို့ ဆက်သွယ်ကာ လက်မှတ်ဝယ်ယူစပြေီး လေယာဉ်လက်မှတ်ဖိုးအတွက် ကျပ်သင့်ငွဖြေစ်သည့် (၂၃၁,ဝဝဝ)ကျပ်အတွက် တစ်သောင်းတန် (၂၃)ရွက်နှင့် တစ်ထောင်ကျပ်တန် တစ်ရွက်တို့ကို လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်အား ပေးချေရာ၊ အဆိုပါ အရောင်းကိုယ်စားလှယ်မှ မိုတယ်ဝန်ထမ်းအား ဝန်ဆောင်ခအဖြစ် တစ်သောင်းကျပ်တန် (၁)ရွက်အား ပေးခဲ့ပြီး၎င်းသည် တစ်သောင်းတန် (၂၂)ရွက်အား လေယာဉ်လက်မှတ် အရောင်းဌာနသို့ ယူဆောင်လာပြီး ငွေစက္ကူများကို ကိုင်တွယ်ကြည့်သည့်အခါမှာ မသင်္ကာသည့်အတွက် အနီးအနားရှိ KBZ Bank သို့ သွားရောက်၍ စစ်ဆေးကြည့်ရာမှ အတုများဖြစ်နေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်ရဲတပ်ဖွဲ့မှ ရွှေနဂါး(၈၈)မိုတယ်ရှိ၎င်းတို့ တည်းခိုသည့် အခန်းသို့ သွားရောက် စစ်ဆေးရာမှ စုစုပေါင်း ငွေစက္ကူ တစ်သောင်းတန် (၅၀၂)ရွက်အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် အဆိုပါ အမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၄၂/၂၀၁၅၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖြင့် အရေးယူထားရှိကြောင်း သိရသည်။
ငွေအတုအစစ်ခွဲခြားမှုနှင့် ပတ်သက်၍ "ငွေစက္ကူတွေ အတုနဲ့အစစ်ကွာခြားချက်က ညအချိန်မှာ တော်ရုံနဲ့တော့ မသိနိုင်ဘူး၊ အခုနောက်ပိုင်း အတုလုပ်တဲ့ နည်းပညာတွေ အဆင့်မြင့်လာတယ်၊ ရေစာလည်း ပါတယ်၊ ရောင်ပြန်လည်း ပါတယ်၊ ကြည့်လိုက်ရင် အစစ်လိုပဲ၊ အဓိက ခွဲခြားနိုင်တာကတော့ လက်နဲ့ ပွတ်ကြည့်လို့ ချောနေရင် အတု၊ ကြမ်းနေရင် အစစ်၊ တကယ်လို့ မသင်္ကာဘူးဆိုရင် ရဲစခန်းကို အကြောင်းကြားပေးပါ၊ နောက်တစ်ခုက ငွေလဲလှယ်တဲ့ အခါမှာလည်း ဈေးသက်သာတဲ့ နေရာတိုင်းမှာ မလဲဘဲ လူသိများတဲ့ နေရာတွေမှာ လဲတာ စိတ်ချရပါတယ်..."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖမ်းဆီးသိမ်းဆည်းရမိသော ငွေစက္ကူအတုများသည် လွန်ခဲ့သော (၁)လခန့်က ဒေါ်နန်းစိန်ညွှန့်၊ ဦးစိုင်းရွှေ နှင့် မနန်းလှကြည်တို့ (၃)ဦးသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့သွားရောက်ပြီး အပြန်တွင် မြန်မာကျပ်ငွေ တစ်သောင်းတန်း အရွက်(၅၀၀)ကို ချင်းမိုင်မြို့မှ ယူဆောင်လာခဲ့ပြီး အောက်တိုဘာလ (၁၅)ရက်နေ့က အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်ယူလာကာ သုံးစွဲခြင်းဖြစ်ကြောင်း နှင့်၎င်းတို့ (၃)ဦးအား မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒဖြေင့် အရေးယူထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။