အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းမှာ အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းက နိုင်ငံမြို့တော် ကာဘူး ငလျင်တိုင်းတာရေးစခန်းရဲ့ ခန့်မှန်းချက်အရ ရစ်ခ်ျတာ စကေး(၇.၅)တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ ရိုက်တာသတင်းဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းနှင့်ပိုမိုနီးစပ်ပြီး အကျယ်အ၀န်း(၂၃၁)ကီလိုမီတာ (မိုင် အားဖြင့် ၁၃၂ မိုင်)အကျယ်အ၀န်းရှိပြီး ပြင်းအား(၇.၅) ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ဟာ ဒေသစံတော်ချိန် နံနက်(၉း၀၉)အချိန်မှာ ဖြစ်ပွားခဲ့တာပါလို့ အမေရိကန် ဘူမိဗေဒ Survey အဖွဲ့က ဆိုထားပါတယ်။
ငလျင်ကြောင့် လူပေါင်း (၃၀၀)နီးပါး သေဆုံးခဲ့ပြီး၊ အိုးအိမ်တွေပျက်စီးခဲ့ကာ ကျောင်းတွေလဲ ပြိုပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။
"ကျွန်တော်တို့ အလွန်ထိတ်လန့်သွားခဲ့တာပါ၊ ကျွန်တော်တို့ မျက်စိရှေ့မှာ အသက်ရှင်နေတဲ့ လူတွေရှိနေတာက ဘုရားသခင်ကြောင့်ပါ.."လို့ နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Swat ကျေးရွာရဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တစ်ဦးက ဆိုထားပါတယ်။
ဘာသာပြန်။ ။ ကိုဇက်
Ref; Reuters, BBC