တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် ပဌာန်းဒေသနာတော် အကောင်းဆုံး ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယနေ့ အောက်တိုဘာလ(၂၃)ရက် နံနက် (၈)နာရီ (၄၅)မိနစ်အချိန်က တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၀တ်ရွတ်အသင်း (၁၄)သင်းရှိကြောင်း သိရသည်။
ပဌာန်းဒေသနာတော် အကောင်းဆုံး ရွတ်ဆိုပူဇော်ပြိုင်ပွဲတွင် အလင်းရောင်ပရဟိတ ၀တ်အသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀တ်အသင်း၊ ဆေခမ်းရပ်ကွက် ၀တ်အသင်း၊ မကာဟိုခမ်း+ဆန်ဆိုင်း(ခ)ရပ်ကွက် ၀တ်အသင်း၊ ၀မ်ကောင်း + မယ်ခေါင်ရပ်ကွက် ၀တ်အသင်း၊ ဆန်ဆိုင်း(က)ရပ်ကွက် ၀တ်အသင်း၊ ဂေါ်ရခါးမဂ္ဂင်ရိပ်သာ ၀တ်အသင်း၊ ပုန်းထွန် + တာလော့ရပ်ကွက် ၀တ်အသင်း၊ ပုန်းထွန် (အ.ထ.က-ခွဲ)ကျောင်း ၀တ်အသင်း၊ အ.ထ.က(တာချီလိတ်)ကျောင်း ၀တ်အသင်း၊ ရန်အောင်မြေရပ်ကွက် ၀တ်အသင်း၊ မဇ္ဈိမလူမှုကူညီရေး ၀တ်အသင်း နှင့် အ.ထ.က(ဟောင်လိတ်)ကျောင်း ၀တ်အသင်း စသည့် ၀တ်ရွတ်အသင်း (၁၄)သင်းမှ ပါဝင် ယှဉ်ပြိုင် ရွတ်ဆိုပူဇော်သွားမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၀တ်ရွတ်အသင်းများအနေဖြင့် အောက်တိုဘာလ(၂၃)ရက်နေ့တွင် ၀တ်ရွတ်သင်း (၄)သင်း၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် (၂)သင်း၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် (၂)သင်း၊ အောက်တိုဘာလ(၂၆)ရက်နေ့တွင် (၄)သင်း နှင့် အောက်တိုဘာလ(၂၇)ရက်နေ့တွင် ၀တ်အသင်း (၃)သင်း အသီးသီး နေ့အလိုက် သတ်မှတ်ကာ ရွတ်ဆိုပူဇော်သွားမှာ ဖြစ်သည်။
ယနေ့ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနား ဖွင့်ပွဲတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် ခရိုင်/မြို့နယ် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင် ၀တ်ရွတ်အသင်းများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ပြီး ပင့်ဖိတ်ထားသည့် သံဃာတော်အရှင်သူမြတ် (၅)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်၊
ပြိုင်ပွဲအား ယနေ့ အောက်တိုဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၂၇)ရက်နေ့အထိ တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆုပေးပွဲအား သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ(၂၈)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် တာချီလိတ်ရွှေတိဂုံစေတီရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ သိရှိရသည်။