ျပည္သူမေပးတဲ့ အာဏာကို ကိုင္ထားတာဟာ အမ်ဳိးသားႏိုင္ငံေရး မဟုတ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကား

ျပည္သူမေပးတဲ့ အာဏာကို ကိုင္ထားတာဟာ အမ်ဳိးသားႏိုင္ငံေရး မဟုတ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကား
အောက်တိုဘာ 21, 2015
By Tachileik News Agency

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္သည္ ေအာက္တိုဘာလ(၂၁)ရက္ ေန႔လည္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ရွိ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းပိုင္ ကြင္းတြင္ လူထုေဟာေျပာပြဲ ျပဳလုပ္သြားရာ ျပည္သူမေပးတဲ့ အာဏာကို ကိုင္ထားတာဟာ အမ်ဳိးသားႏိုင္ငံေရးနွင့္ မဆိုင္ေၾကာင္း   ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကားသြားသည္။

"အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို တိုက္ခိုက္ေသာ အားျဖင့္ ပါတီႏိုင္ငံေရးနဲ႔ အမ်ဳိးသားႏိုင္ငံေရး ဆိုတာဟာ မတူဘူးဆိုၿပီးေတာ့ ၀ါဒျဖန္႔ခ်ီၾကပါတယ္၊ တကယ္ေတာ့ ပါတီႏိုင္ငံေရးဆိုတာဟာ လက္ေတြ႕က်က် လုပ္တဲ့ ႏိုင္ငံေရးပါပဲ၊ ကိုယ္ကေနၿပီးေတာ့ အာဏာကိုင္ထားလို႔ ကိုယ့္ကိုယ္ကို အမ်ဳိးသားႏိုင္ငံေရး လုပ္ပါတယ္လို႔ သတ္မွတ္ထားလို႔ မရပါဘူး၊ ျပည္သူမေပးတဲ့ အာဏာကို ကိုင္ထားတာဟာ အမ်ဳိးသားႏိုင္ငံေရးနဲ႔ မဆိုင္ပါဘူး"ဟု ေဟာေျပာပြဲတြင္ ေျပာၾကားသြားျခင္းျဖစ္သည္။

ဆက္လက္၍ ေနရာလုျခင္းႏွင့္ ပတ္သက္ၿပီး"ေနရာလုတဲ့ ကိစၥဆိုတာ အင္မတန္မွ ဆိုးတယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ေနရာေပးခ်င္တဲ့ စိတ္နဲ႔လုပ္ သြားမယ္ဆိုရင္ ေအးေအးခ်မ္းခ်မ္းနဲ႔ ျဖစ္သြားမွာပါ၊ ဒီမိုကေရစီ စနစ္ဆိုတာဟာ ေနရာ မလုရေအာင္လို႔ ထြင္ထားတဲ့ စနစ္ျဖစ္တယ္၊ ျပည္သူက ေပးတဲ့ေနရာပဲ ယူရတယ္၊ ကိုယ္က အာဏာရွိတိုင္း လက္နက္ရွိတိုင္း ပိုက္ဆံရွိတိုင္း ေနရာလုလို႔မရတဲ့ စနစ္ျဖစ္ပါတယ္.."ဟု ေဒၚေအာင္ဆန္းစုၾကည္က ေဟာေျပာပြဲတြင္ တာခ်ီလိတ္ေဒသခံမ်ားကို ေျပာၾကားသြားသည္။

နံနက္ပိုင္းတြင္ ေဒၚေအာင္ဆန္းစုၾကည္မွ တာခ်ီလိတ္ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႔ဆံုခဲ့သည့္ ႏွင့္ ပတ္သက္၍"ေဟာေျပာပြဲကို မလာခင္မွာ တာခ်ီလိတ္ ၿမိဳ႕မိၿမိဳ႕ဖမ်ားနဲ႔ အရင္ဆံုးေတြ႕ခဲ့ပါတယ္၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားဟာ ဘယ္လိုေမွ်ာ္လင့္ခ်က္ေတြရွိလဲ၊ ဘယ္လိုစိုးရိမ္စိတ္ေတြ ရွိလဲဆိုတာကို ကြ်န္မေမးၾကည့္တ့ဲ အခါၾကေတာ့ စီးပြားေရးနဲ႔ ပတ္သက္လို႔ အခက္အခဲေတြရွိေနတဲ့ အေၾကာင္းအရင္းေတြထဲမွာ ဘဏ္စနစ္ မမွန္မကန္တာေတြ ပါပါတယ္၊ အခြန္အေကာက္စနစ္ မမွန္ကန္တာေတြလည္း ပါပါတယ္၊ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာေတြလည္း အဂတိ လိုက္စားတာလည္း ပါပါတယ္၊"ဟု ေဟာေျပာပြဲတြင္ ထည့္သြင္း ေျပာၾကားသြားသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ တာခ်ီလိတ္သုိ႔ ေအာက္တိုဘာလ(၂၁)ရက္ နံနက္ပိုင္းက ေရာက္ရွိလာတာျဖစ္ၿပီး ေန႔လည္ပိုင္းမွာ လူထုေဟာေျပာပြဲ ျပဳလုပ္ကာ၊ ေအာက္တိုဘာလ(၂၂)ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္မွ တဆင့္ မိုင္းျဖတ္၊ က်ဳိင္းတံုသို႔ ဆက္လက္ထြက္ခြာမွာျဖစ္ၿပီး အဆိုပါ ၿမိဳ႕တို႔တြင္ လူထုေဟာေျပာပြဲမ်ား ျပဳလုပ္သြားရန္ စီစဥ္ထားေၾကာင္း သိရွိရသည္။

**********
( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ Unicode ျဖင့္ ေဖာ္ျပထားပါသည္။ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ(၂၁)ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် လူထုဟောပြောပွဲ ပြုလုပ်သွားရာ ပြည်သူမပေးတဲ့ အာဏာကို ကိုင်ထားတာဟာ အမျိုးသားနိုင်ငံရေးနှင့် မဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွားသည်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်သော အားဖြင့် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ဆိုတာဟာ မတူဘူးဆိုပြီးတော့ ဝါဒဖြန့်ချီကြပါတယ်၊ တကယ်တော့ ပါတီနိုင်ငံရေးဆိုတာဟာ လက်တွေ့ကျကျ လုပ်တဲ့ နိုင်ငံရေးပါပဲ၊ ကိုယ်ကနပြေီးတော့ အာဏာကိုင်ထားလို့ ကိုယ့်ကိုယ်ကို အမျိုးသားနိုင်ငံရေး လုပ်ပါတယ်လို့ သတ်မှတ်ထားလို့ မရပါဘူး၊ ပြည်သူမပေးတဲ့ အာဏာကို ကိုင်ထားတာဟာ အမျိုးသားနိုင်ငံရေးနဲ့ မဆိုင်ပါဘူး"ဟု ဟောပြောပွဲတွင် ပြောကြားသွားခြင်းဖြစ်သည်။

ဆက်လက်၍ နေရာလုခြင်းနှင့် ပတ်သက်ပြီး"နေရာလုတဲ့ ကိစ္စဆိုတာ အင်မတန်မှ ဆိုးတယ်၊ တစ်ယောက်နဲ့ တစ်ယောက် နေရာပေးချင်တဲ့ စိတ်နဲ့လုပ် သွားမယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားမှာပါ၊ ဒီမိုကရေစီ စနစ်ဆိုတာဟာ နေရာ မလုရအောင်လို့ ထွင်ထားတဲ့ စနစ်ဖြစ်တယ်၊ ပြည်သူက ပေးတဲ့နေရာပဲ ယူရတယ်၊ ကိုယ်က အာဏာရှိတိုင်း လက်နက်ရှိတိုင်း ပိုက်ဆံရှိတိုင်း နေရာလုလို့မရတဲ့ စနစ်ဖြစ်ပါတယ်.."ဟု ဒေါ်အောင်ဆန်းစုကြည်က ဟောပြောပွဲတွင် တာချီလိတ်ဒေသခံများကို ပြောကြားသွားသည်။

နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ တာချီလိတ်မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည့် နှင့် ပတ်သက်၍"ဟောပြောပွဲကို မလာခင်မှာ တာချီလိတ် မြို့မိမြို့ဖများနဲ့ အရင်ဆုံးတွေ့ခဲ့ပါတယ်၊ မြို့မိမြို့ဖများဟာ ဘယ်လိုမျှော်လင့်ချက်တွေရှိလဲ၊ ဘယ်လိုစိုးရိမ်စိတ်တွေ ရှိလဲဆိုတာကို ကျွန်မမေးကြည့်တဲ့ အခါကြတော့ စီးပွားရေးနဲ့ ပတ်သက်လို့ အခက်အခဲတွေရှိနေတဲ့ အကြောင်းအရင်းတွေထဲမှာ ဘဏ်စနစ် မမှန်မကန်တာတွေ ပါပါတယ်၊ အခွန်အကောက်စနစ် မမှန်ကန်တာတွေလည်း ပါပါတယ်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေလည်း အဂတိ လိုက်စားတာလည်း ပါပါတယ်၊"ဟု ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တာချီလိတ်သို့ အောက်တိုဘာလ(၂၁)ရက် နံနက်ပိုင်းက ရောက်ရှိလာတာဖြစ်ပြီး နေ့လည်ပိုင်းမှာ လူထုဟောပြောပွဲ ပြုလုပ်ကာ၊ အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မှ တဆင့် မိုင်းဖြတ်၊ ကျိုင်းတုံသို့ ဆက်လက်ထွက်ခွာမှာဖြစ်ပြီး အဆိုပါ မြို့တို့တွင် လူထုဟောပြောပွဲများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~