ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားမ်ားအား ဖမ္းဆီးကာ ျမန္မာႏိုင္ငံဘက္သို႔ ျပန္လည္ လႊဲေျပာင္းလာမႈမ်ားရွိရာ ေအာက္တိုဘာလ (၂၉)ရက္ေန႔က အမ်ဳိးသား၊ အမ်ဳိးသမီး စုစုေပါင္း (၄၉)ဦးအား တရား၀င္ လႊဲေျပာင္းလာေၾကာင္း သိရသည္။
ထိုသို႔ လႊဲေျပာင္းလာရာတြင္ ကခ်င္ျပည္နယ္မွ အမ်ဳိးသား (၃)ဦး၊ ကယားျပည္နယ္မွ အမ်ဳိးသား (၁)ဦး၊ ရွမ္းျပည္နယ္ အတြင္းျဖစ္သည့္ အေရွ႕ပိုင္းမွ အမ်ဳိးသား(၁)ဦးႏွင့္ အမ်ဳိးသမီး(၂)ဦး၊ ေတာင္ပိုင္းမွ အမ်ဳိးသား(၄)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး၊ ေျမာက္ပိုင္းမွ အမ်ဳိးသား (၂၇)ဦးႏွင့္ အမ်ဳိးသမီး (၆)ဦး၊ မႏၱေလးတိုင္း ေဒသႀကီးမွ အမ်ဳိးသား(၂)ဦး ႏွင့္ မေကြးတိုင္းေဒသႀကီးမွ အမ်ဳိးသား (၁)ဦး စုစုေပါင္း (၄၉)ဦး ပါ၀င္ေၾကာင္း သိရသည္။
အခု လႊဲေျပာင္းလာတဲ့ အထဲမွာ ဘန္ေကာက္တ၀ိုက္နားက ခြ်န္ပူရီၿမိဳ႕မွာရွိတဲ့ စားေသာက္ဆိုင္က အမ်ဳိးသား နဲ႔ အမ်ဳိးသမီး (၂၀)ေက်ာ္ ပါတယ္၊ အဲ့ဒီ အလုပ္သမားေတြက ရွမ္းေျမာက္က မ်ားတယ္"ဟု တရား၀င္ လႊဲေျပာင္းမႈတြင္ ပါ၀င္သည့္ တာ၀န္ရွိသူ တစ္ဦးက ေျပာျပသည္။
ထိုင္းႏိုင္ငံအတြင္း ပဋိပကၡမ်ား ျဖစ္ေပၚရာတြင္လည္းေကာင္း၊ ျပႆနာ တစ္စံုတစ္ရာ ေပၚေပါက္လာလွ်င္ လည္းေကာင္း၊ ထိုင္းရဲႏွင့္ လ၀ကတို႔မွ ၀င္ေရာက္ စစ္ေဆးေလ့ရွိရာမွ ယခုလို တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားမွာ မ်ားေသာအားျဖင့္ ဖမ္းဆီးခံရတာျဖစ္ၿပီး တခ်ဳိ႕ဆိုလွ်င္ ေငြေပးက လႊတ္ေပးသည့္ ျဖစ္စဥ္မ်ားလည္း အေျမာက္အမ်ားရွိေၾကာင္း ဖမ္းဆီးခံရသူမ်ားထဲ၌ ပါ၀င္သည့္ အမ်ဳိးသား တစ္ဦးက ျပန္လည္ေျပာျပသည္။
********************
( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ Unicode ျဖင့္ ေဖာ္ျပထားပါသည္။ )
ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ဖမ်းဆီးကာ မြန်မာနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းလာမှုများရှိရာ အောက်တိုဘာလ (၂၉)ရက်နေ့က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၄၉)ဦးအား တရားဝင် လွှဲပြောင်းလာကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းလာရာတွင် ကချင်ပြည်နယ်မှ အမျိုးသား (၃)ဦး၊ ကယားပြည်နယ်မှ အမျိုးသား (၁)ဦး၊ ရှမ်းပြည်နယ် အတွင်းဖြစ်သည့် အရှေ့ပိုင်းမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ တောင်ပိုင်းမှ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၂)ဦး၊ မြောက်ပိုင်းမှ အမျိုးသား (၂၇)ဦးနှင့် အမျိုးသမီး (၆)ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသား(၂)ဦး နှင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး စုစုပေါင်း (၄၉)ဦး ပါဝင်ကြောင်း သိရသည်။
အခု လွှဲပြောင်းလာတဲ့ အထဲမှာ ဘန်ကောက်တဝိုက်နားက ချွန်ပူရီမြို့မှာရှိတဲ့ စားသောက်ဆိုင်က အမျိုးသား နဲ့ အမျိုးသမီး (၂၀)ကျော် ပါတယ်၊ အဲ့ဒီ အလုပ်သမားတွေက ရှမ်းမြောက်က များတယ်"ဟု တရားဝင် လွှဲပြောင်းမှုတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ထိုင်းနိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပေါ်ရာတွင်လည်းကောင်း၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် လည်းကောင်း၊ ထိုင်းရဲနှင့် လဝကတို့မှ ဝင်ရောက် စစ်ဆေးလေ့ရှိရာမှ ယခုလို တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ များသောအားဖြင့် ဖမ်းဆီးခံရတာဖြစ်ပြီး တချို့ဆိုလျှင် ငွေပေးက လွှတ်ပေးသည့် ဖြစ်စဉ်များလည်း အမြောက်အများရှိကြောင်း ဖမ်းဆီးခံရသူများထဲ၌ ပါဝင်သည့် အမျိုးသား တစ်ဦးက ပြန်လည်ပြောပြသည်။