“ ကမ္ဘာ့ ပြည်တွင်း - ပြည်ပ သာသနာပြု ” ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသသည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် အတွင်းရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်သို့ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် ကြွရောက်လာမှာဖြစ်ရာ အောက်တိုဘာလ
(၁၅)ရက်နေ့အထိ သီတင်းသုံးတော်မူမှာဖြစ်သည့်အတွက် ဖူးမျှော်ပူဇော်လိုသူများ အနေဖြင့် လာရောက် ဖူးမျှော်နိုင်မှာဖြစ်ပြီး လေဆိပ်သို့ ကြိုဆိုပင့်ဆောင်ရန်အတွက်လည်း လိုက်ပါနိုင်ကြောင်း ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဝေယျာဝစ္စအဖွဲ့မှ သိရသည်။
တာချီလိတ်လေဆိပ်မှ တဆင့် အောက်တိုဘာလ (၁၀)ရက် နေ့လည်(၁)နာရီခွဲအချိန်တွင် ကြိုဆို ပင့်ဆောင်မည်ဖြစ်ရာ လိုက်ပါလို ကြိုဆိုပင့်ဆောင်လိုသူများ အနေဖြင့် ငွေတော်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်သို့ နေ့လည်(၁)နာရီ အရောက်လာ၍သော်လည်းကောင်း၊ လေဆိပ်၌ ကြိုတင်စောင့်ဆိုင်း၍သော် လည်းကောင်း ထိုမှတဆင့် စုစည်းကာ ကြိုဆိုပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသသည် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် အောက်တိုဘာလ (၁၀)ရက်နေ့မှ အောက်တိုဘာလ (၁၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်ထိ သီတင်းသုံးတော်မူမှာဖြစ်ပြီး တရားတော်များလည်း ဟောကြားချီးမြှင့်တော်မူမှာဖြစ်ရာ ဗုဒ္ဓဘာသာအနွယ်ဝင် မည်သူမဆို လာရောက်ကာ ဖူးမျှော်ကြည်ညိုနိုင်မှာဖြစ်ကြောင်း သိရှိရသည်။