၂၀၁၅ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် တာချီလိတ်တစ်မြို့လုံး၌ နံနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်ထိ တစ်နေကုန် လျှပ်စစ်မီး ခေတ္တ ဖြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။
ထိုင်းနိုင်ငံ Provincial Electricity Authority မယ်ဆိုင်ဌာနခွဲမှ 115/22KV ဓါတ်အားခွဲရုံအား ကြံ့ခိုင်ရေးစနစ်ရှိစေရန်အတွက် ပြုပြင်ထိန်းသိမ်းရန်ရှိသည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ၁၄.၁၀.၂၀၁၅ ဗုဒ္ဓဟူးနေ့ နံနက်(၈)နာရီမှ ညနေ (၄)နာရီအချိန်ထိ တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် လျှပ်စစ်မီး တစ်နေကုန် ခေတ္တ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးသည် ထိုင်းနိုင်ငံမှ တဆင့် ရယူကာ ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးများဖြစ်ပြီး တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်မီး မ၀ယ်ရသေးသူများ အနေဖြင့် လွယ်ကူစွာ ၀ယ်ယူရရှိရေးအတွက် သက်ဆိုင်ရာ မီးလင်းရေးရုံးတို့တွင် ဆောင်ရွက်ပေးနေလျက်ရှိကြောင်းနှင့် တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီးအား ဖြန့်ဖြူးပေးမှုနှင့် ပတ်သက်၍ အပိုင်း(၂)ပိုင်းခွဲကာ တာဝန်ခွဲဝေပြီး ပြည်သူဝန်ဆောင်မှု ပေးနေလျက်ရှိကြောင်းအပြင် သက်ဆိုင်ရာ ရပ်ကွက်များ အနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်သည့် မီးလင်းရေးရုံးတို့အား ဆက်သွယ်နိုင်ရန်အတွက် မီးလင်းရေးရုံး (၂)ရုံးအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်များ ပိုင်းခြားထားကြောင်း သိရသည်။