တာချီလိတ် - မိုင်းဆတ်လမ်းပေါ် မော်တော်ကားတစ်စီး ချောက်ထဲကျ၊ မည်သူမှ ထိခိုက်ဒဏ်ရာမရ

တာချီလိတ် - မိုင်းဆတ်လမ်းပေါ် မော်တော်ကားတစ်စီး ချောက်ထဲကျ၊ မည်သူမှ ထိခိုက်ဒဏ်ရာမရ
စက်တင်ဘာ 19, 2015
By Tachileik News Agency
ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၁၉)ရက် ညနေပိုင်းက တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ရေပူစမ်းအပြန် ဖတ်ဟိအထက်ရွာ၏ အဆင်းလမ်းဘေးရှိ ချောက်ထဲသို့ မော်တော်ကားတစ်စီး ပြုတ်ကျသွားရာ ပြန်လည်ဆယ်ယူနေတာကိုတွေ့ရှိရပြီး ယာဉ်ပေါ်တွင် ပါလာသူများမှာ အလျင်အမြန် ခုန်ဆင်းလိုက်သည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိမှု ကြီးကြီးမားမားမရှိကြောင်း သိရသည်။

အဆိုပါ လမ်းသည် အဓိကအားဖြင့် တာချီလိတ် - မိုင်းဆတ်သို့ သွားသည့်လမ်းဖြစ်ကြောင်းနှင့် မိုးတွင်းအခါ၌ အန္တရာယ်ရှိပြီး ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့ကလည်း မော်တော်ကားတစ်စီး ချောက်ထဲကျသွားမှုကြောင့် လူသေဆုံးမှုနှင့်အတူ ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ Htat Pine Soe

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~