အခု မြင်တွေ့ရတာကတော့ တာချီလိတ်မြို့ AGD Bank အနီး ဗိုလ်ချုပ်လမ်းမပေါ်မှာဖြစ်ပါတယ်၊
ယာဉ်တစ်စီးနဲ့တစ်စီးဟာ မတော်တဆ တိုက်မှုဖြစ်ပွားခဲ့ပါတယ်၊ အဲ့ဒီလို မတော်တဆမှုကြောင့် နှစ်ဦးနှစ်ဖက် နားလည်မှုအရ ဘာမှဖြေရှင်းခြင်းမရှိပဲ ထွက်ခွာသွားကြတာကိုလည်း ထူးဆန်းစွာတွေ့မြင်ရပါတယ်။
တာချီလိတ်မြို့မှာဆိုရင် ယာဉ်မတော်တဆတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုများအထိ ဖြစ်ပွားခဲ့ကြောင်း သိရတဲ့အတွက် အများသူငှာ ယာဉ်အန္တရာယ်သတိထားနိုင်ရန် တာချီလိတ်သတင်းအေဂျင်စီမှ တင်ပြလိုက်ပါတယ်ခင်ဗျာ။