တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီးမှ ရေဘေးသင့်ပြည်သူများအတွက် ကျပ်(၁၀)သိန်း လှူဒါန်း

တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီးမှ ရေဘေးသင့်ပြည်သူများအတွက် ကျပ်(၁၀)သိန်း လှူဒါန်း
သြဂုတ် 2, 2015
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ခံစားနေရသော ရေဘေးသင့်ပြည်သူများအား ပြန်လည် ထောက်ပံ့ပေးအပ်နိုင်ရန် အတွက် ယနေ့ သြဂုတ်လ(၂)ရက် နံနက်ပိုင်းက (၇)ရက်သားသမီးများ ကောင်းမှုအဖြစ် တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးထိန်းသိမ်းရေးကော်မတီမှ အလှူငွေ ကျပ်(၁၀)သိန်းတိတိကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။

"တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးထိန်းသိမ်းရေးကော်မတီ ကနေပြီး (၇)ရက် သားသမီးများ ကောင်းမှုအနေနဲ့ ကျပ်(၁၀)သိန်း တိတိကို လှူဒါန်းပါတယ်၊ ရေဘေးကယ်ဆယ်ရေးအတွက် (၇)ရက်သားသမီးများ လိုအပ်သလို အသုံးပြုနိုင်ဖို့ပါ.."ဟု ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီး ထိန်းသိမ်းရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုသို့ လှူဒါန်းရာတွင် တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးထိန်းသိမ်းရေးကော်မတီမှ ဦးတင်လှိုင်(အဆွေတော်)၊ ဦးဇော်မြင့် နှင့် ဦးအောင်ဖြိုးရှိန် တို့မှ ပေးအပ်လှူဒါန်းရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့မှ ရေဘေးသင့်ပြည်သူများ ကိုယ်စား လက်ခံရယူခဲ့ကြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~