တာချီလိတ်မြို့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ရန်ပုံငွေဟု အမည်အသုံးချကာ ထီလက်မှတ်များကို လိုက်လံ၍ ရောင်းချနေလျက်ရှိသည့်အတွက် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ၎င်းတို့၏ ဌာနပိုင် Facebook တွင် မဟုတ်ကြောင်း အသိပေးကြေညာထားသည်။
ယင်းကြေညာချက်တွင် ထီလက်မှတ်များကို အများပြည်သူများထံ လိုက်လံရောင်းချနေသည့်အတွက် မူးယစ်ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း နှင့် ထိုသို့ တပ်ဖွဲ့အမည် အလွဲသုံးစား ပြုလုပ်သူများကို စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထိုသို့ လာရောက်ကာ လည်လိမ်ရောင်းချနေသူများကို တွေ့ရှိရပါက တာချီလိတ် မူးယစ်တပ်ဖွဲ့ရုံးသို့ လာရောက်၍ တိုင်ကြားနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။