တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် န၀မတန်း(ဃ)၌ ပညာသင်ကြားနေသော အသက်(၁၅)နှစ် ၀န်းကျင်ရှိ မောင်ဂျေအောင်အောင်ဦးသည် ကျောင်းသွားရာမှ တဆင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် မိဘများမှ အပူတပြင်း လိုက်လံရှာဖွေသည့်အတွက် တွေ့ရှိသူများအနေဖြင့် အကြောင်းကြားပေးနိုင်ပါရန် တာချီလိတ်သတင်းအေဂျင်စီမှ လူပျောက်ကြော်ငြာအဖြစ် ဖော်ပြပေးလိုက်ပါသည်။
တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာရှိ အိမ်အမှတ် (၈/၆၆)တွင် နေထိုင်သူ ဦးခင်မောင်ထွန်း နှင့် ဒေါ်ဆာလီယာတို့၏ သားသည် ၂၀၁၅ခုနှစ် ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းက နေအိမ်မှတဆင့် ကျောင်းသွားရာ ယနေ့ ဇူလိုင်လ(၃)ရက်နေ့ အချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။
"ကလေးက ကျောင်းကို ဆိုင်ကယ်နဲ့သွားတာပါ၊ အိမ်ပြန်မလာလို့ ကျောင်းကို သွားမေးတော့လည်း ကျောင်းမလာဘူးလို့ ပြောပါတယ်.."ဟု ဖခင်ဖြစ်သူ ဦးခင်မောင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ပျောက်နေသူ မောင်ဂျေအောင်အောင်ဦးသည် ယနေ့ ဇူလိုင်လ(၃)ရက်ဆိုလျှင် နေအိမ်သို့ ပြန်မရောက်သေးသည်မှာ (၅)ရက်ရှိပြီဖြစ်ပြီး၊ ၎င်းနှင့် နီးစပ်ရာသို့ လိုက်လံရှာဖွေသော်လည်း တွေ့ရှိရခြင်း မရှိကြောင်းနှင့် ကလေးအား အမြန်ဆုံးတွေ့ရှိရန်အတွက် လူမှုရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာများကို အကူအညီတောင်းခံထားကြောင်း သိရသည်။
နေအိမ်သို့ ရောက်ရှိလာခြင်း မရှိသေးဘဲ ပျောက်နေသည့် န၀မတန်း ကျောင်းသားလေး မောင်ဂျေအောင်အောင်ဦးအား တွေ့ရှိရပါက ဖော်ပြပါ လိပ်စာသို့ ဖြစ်စေ၊ အောက်ပါ ဖုန်းနံပါတ်များမှ ဖြစ်စေ ဆက်သွယ်၍ အသိပေးနိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ
မြန်မာဖုန်း။ ။ ၀၉ ၃၆၁၀၇၅၅၆၊ ၀၉ ၃၂၄၉၉၉၄၄၊ ၀၉ ၂၅၄၅၂၀၄၄၃ ၊ ၀၉ ၃၆၀၇၅၅၀၀ Mya
ထိုင်းဖုန်း။ ။ ၀၈၀၈၉၈၉၅၃၅၊ ၀၈၈၀၂၈၃၀၁၅၊ ၀၈၅၃၈၁၈၈၃၇