(သတင်းတို) ရိုးရိုးရှင်းရှင်းလေးပါပဲ (၉)ဘတ်ရှိရင် ထမင်းစားလို့ရတယ်

(သတင်းတို) ရိုးရိုးရှင်းရှင်းလေးပါပဲ (၉)ဘတ်ရှိရင် ထမင်းစားလို့ရတယ်
ဇူလိုင် 12, 2015
By Tachileik News Agency

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Tesco Lotus (ကုန်တိုက်)တွင် ဆင်းရဲနွမ်းပါးသူများ၊ ငွေကြေးချို့တဲ့သူများနှင့် လူတန်းစား အလွှာအသီးသီး သက်သာစွာ စားသုံးနိုင်ရန်အတွက် ယခု ပုံတွင် ဖော်ပြထားသည့်အတိုင်း ထမင်းဖြူနှင့် ကြက်ဥမွှေကြော် ပါပြီးသားကို (၉)ဘတ်နဲ့ ရောင်းချပေးနေတာကို တွေ့ခဲ့ရသည်။

"တာချီလိတ်မှာ ပစ္စည်းပြန်ရောင်းဖို့ ဒီကုန်တိုက်မှာ လာပြီး လာဝယ်တော့ ဗိုက်ဆာရင် ဒီလိုပဲ အလျင်းသင့်သလို ၀ယ်စားလိုက်တယ်၊ (၉)ဘတ်ပဲဆိုတော့ သက်လည်းသက်သာတယ်၊ ထမင်းဘူးပေါ်မှာလည်း ထုတ်တဲ့ရက်နဲ့ ဒိတ်ကုန်မဲ့ရက်ကို ပြထားတယ်၊ သက်တမ်းကတော့ တစ်နေ့သာ ရက်စွဲပဲ၊တာချီလိတ်ဘက်မှာတော့ ဒီလိုမျိုး ဈေးသက်သက်သာသာနဲ့ လုပ်ရောင်းတာ မရှိဘူးလေ။ ရှိရင်တော့ အဆင်မပြေတဲ့ သူတွေအတွက် တစ်နပ်စာ ၀မ်းရေးကို ရှိတဲ့ ငွေလေးနည်းနည်းနဲ့ ဖြေရှင်းနိုင်တာပေါ့...."ဟု ကုန်ပစ္စည်းလာဝယ်သူ တာချီလိတ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်းဘတ်ငွေ (၉)ဘတ်သည် ဒေသငွေဈေးအရ မြန်မာငွေဖြင့် ကျပ်(၂၅၀) နှင့် ကျပ်(၃၀၀)၀န်းကျင်အကြား ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~