တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမား (၃၅)ဦးအား ထိုင်းအာဏာပိုင်များက ပြန်လည်လွှဲပြောင်း

တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမား (၃၅)ဦးအား ထိုင်းအာဏာပိုင်များက ပြန်လည်လွှဲပြောင်း
ဇွန် 17, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ ထိုင်းအာဏာပိုင်များက တာချီလိတ်မြို့သို့ အပတ်စဉ် ပြန်လည်လွှဲပြောင်းမှုများ ပြုလုပ်နေလျက်ရှိရာ ယနေ့ ဇွန်လ(၁၇)ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသား စုစုပေါင်း (၃၅)ဦးကို လွှဲပြောင်းလာကြောင်း သိရသည်။

ထိုင်းဘက်မှ တာချီလိတ်သို့ လွှဲပြောင်းလာရာတွင် အမျိုးသမီး (၁၃)ဦး နှင့် အမျိုးသား (၂၂)ဦး စုစုပေါင်း (၃၅)ဦး ပါဝင်ကြောင်းနှင့် ၎င်းတို့သည် တာချီလိတ်​၊ ကျိုင်းတုံ၊ ကာလိ၊ လဲချား၊ လားရှိုး၊ မိုင်းပွန်​ နှင့် မိုင်းကိုင်တို့ဘက်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းလာရာတွင် မြန်မာဘက် မကဖ(၈)မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် အတူ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)တို့မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအလယ်တွင် လွှဲပြောင်းမှုကို လက်ခံရယူခဲ့ကြသည်။

ဓါတ်ပုံ။  ။ ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~