အာခါတိုင်းရင်းသားများမှ ဦးဆောင်ကာ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီတည်ထောင်

အာခါတိုင်းရင်းသားများမှ ဦးဆောင်ကာ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီတည်ထောင်
ဇွန် 20, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဧပြီလ(၄)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် ရှမ်းအရှေ့မှ အာခါတိုင်းရင်းသားများ တွေ့ဆုံကြကာ "အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ"တည်ထောင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၅ခုနှစ် ဇွန်လ(၁၉)ရက်နေ့က နိုင်ငံရေးပါတီအဖြစ် လျှောက်ထားလျက်ရှိကြောင်း သိရသည်။

"အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ"မှ အသုံးပြုသည့် ပါတီအမည်နှင့် အလံအပါအ၀င် အမှတ်တံဆိပ်တို့ကို တစ်ပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ လာရောက်ကန့်ကွက်နိုင်မှာဖြစ်ကြောင်း ယနေ့ ဇွန်လ(၂၀)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အသိပေး ကြေညာထားရှိသည်။

အာခါတိုင်းရင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်သာ အများပြားဆုံးဖြစ်ပြီး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် တရုတ်၊ ဗီယက်နမ်နိုင်ငံတို့တွင်လည်း နေထိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~