နိုက်ဂျီးရီးယား ရွေးကောက်ပွဲ ကာလအတွင်း အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့မှ လူပေါင်း (၃၉)ဦး သတ်ဖြတ်

နိုက်ဂျီးရီးယား ရွေးကောက်ပွဲ ကာလအတွင်း အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့မှ လူပေါင်း (၃၉)ဦး သတ်ဖြတ်
မတ် 29, 2015
By Tachileik News Agency

နိုက်ဂျီးရီးယားနိုင်ငံရဲ့ သမ္မတသစ်ရွေးကောက်ပွဲ ကာလအတွင်း အစွန်းရောက်ဝါဒီတွေဖြစ်တဲ့ ဘိုကိုဟာရမ် အဖွဲ့ဟာ လူပေါင်း(၃၉)ယောက်ကို နိုင်ငံရဲ့မြောက်ပိုင်းမှာ သတ်ပစ်ခဲ့တယ်လို့ အစိုးရအဖွဲ့နဲ့ မျက်မြင်တွေက ပြောကြားခဲ့ပြီး ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးလဲ ပါဝင်ကြောင်း အမေရိကန်အခြေစိုက် NBC သတင်းဌာနက ဖော်ပြထားပါတယ်။

နိုက်ဂျီးရီးယားနိုင်ငံရဲ့ မြောက်ပိုင်း မီရီနာမြို့အနီးမှာ ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ဟာ မတ်လ(၂၇)ရက်နေ့က လူပေါင်း(၂၅)ယောက်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

ကျန်တဲ့ (၁၄)ယောက်ကိုတော့ မတ်လ(၂၈)ရက်နေ့မှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး Gombe ပြည်နယ် ဥပဒေပြုအမတ်တစ်ဦးဖြစ်တဲ့ Umaru Ali အပါအ၀င် ဒက်ကူမြို့နဲ့ ဘီရီမြို့တွေမှာ တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘိုကိုဟာရမ် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေဟာ မြို့တွင်းက အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တွေ့တဲ့ သူတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးမှပြောပါတယ်။

ဘာသာရေး ပဋိပက္ခတွေနဲ့ ရောထွေးနေတဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ အလယ်ခေတ်က အစ္စလာမ်မစ်ဝါဒီကို သွတ်သွင်းဖို့ကြိုးစားနေတဲ့ ဘိုကိုဟာရမ်အဖွဲ့ဟာ ဒီမိုကရေစီစနစ်ကို ငြင်းပယ်နေခြင်းဖြစ်ပါတယ်။

စစ်သွေးကြွခေါင်းဆောင် အဘူဘာကာ ရှီကူဟာ ရွေးကောက်ပွဲမှာ မဲပေးတဲ့သူတွေကို သတ်ပစ်မယ်လို့လဲ ထပ်မံခြိမ်းခြောက်ခဲ့ပါတယ်။

ဘာသာပြန်။  ။ ဇက်(Z)
Ref; NBCNEWS

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~