ရှားရှားပါးပါး ကမ္ဘာ့ဝင်ရိုးစွန်းတွင် မင်္ဂလာဆောင်တဲ့ စုံတွဲများ

ရှားရှားပါးပါး ကမ္ဘာ့ဝင်ရိုးစွန်းတွင် မင်္ဂလာဆောင်တဲ့ စုံတွဲများ
ဖေဖော်ဝါရီ 28, 2015
By Tachileik News Agency

ကမ္ဘာတစ်ဝှမ်းတွင် လက်ထပ်ပွဲများကို ရင်ခုန်ဖွယ်ကောင်းအောင် အမျိုးမျိုးကျင်းပလေ့ရှိရာ တရုတ်နိုင်ငံသား ဇနီးမောင်နှံ၏ ကမ္ဘာ့တောင်ဘက် ၀င်ရိုးစွန်းတွင် သွားရောက် ကျင်းပသော မင်္ဂလာလက်ထပ်ပွဲမှာ ထူးခြားရင်ခုန်ဖွယ်ဖြစ်ခဲ့ကြောင်း တရုတ်နိုင်ငံ စီစီတီဗွီသတင်းက ဖော်ပြထားသည်။

လူတစ်စုမှ ရေခဲပြင်ပေါ်တွင် မင်္ဂလာအခမ်းအနားများနှင့် ၀တ်စုံများဝတ်ဆင်ကာ လက်ထပ်ပွဲ ကျင်းပနေသော ဓါတ်ပုံများ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လာကာ ထိုဓါတ်ပုံများအား အမျိုးမျိုး ပြောဆိုနေကြောင်း သိရသည်။

ရေခဲပြင်များနှင့် ပြည့်နှက်နေသော ကမ္ဘာ့တောင်ဘက်စွန်းပိုင်းမှ အတ္တလန္တိတ်ပေါ်တွင် လူတစ်စုအား မင်္ဂလာပွဲကျင်းပနိုင်ရန် တရုတ်နိုင်ငံ၏ ခရီးသွားလာရေး လုပ်ငန်းတစ်ခု စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ဖေါ်ပြထားသည်။

လက်ထပ်ပွဲအား ထူးထူးဆန်းဆန်း နေရာများတွင် ရန်ခုန်လှုပ်ရှားဖွယ် ကျင်းပချင်သော မင်္ဂလာမောင်နှံများအား ခရီးသွားလာရေးအေဂျင်စီမှ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခေါက်တွင် အတ္တလန္တိတ် Andvord Bay ဒေသတွင်ရှိသော Neko Harbor ရေခဲကျွန်းဆွယ် နေရာသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီကျွန်းဆွယ်ကို ဘယ်ဂျီယံလူမျိုး Adrien de Gerlache မှ ၂၀ ရာစုအစောပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး ၁၉၁၁ ခုနှစ်မှ ၁၉၂၄ ခုနှစ်အတွင်း စကော့တလန်ပိုင်နက်အတွင်း တည်ရှိခဲ့ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် လေ့လာရန်နှင့် အတ္တလန္တိတ် လေ့လာရေး သွားလိုသူများအား ခရီးသွားလာရေး အေဂျင်စီများမှ သွားရောက်ပို့ဆောင်ပေးလျှက်ရှိကြောင်း Wikiဖော်ပြချက်အရ သိရသည်။

ဘာသာပြန်။  ။ ဇက်(Z)
Ref; CCTVNEWS

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~