သားအဖနှစ်ဦးဟာ ဓါတ်ပုံပေါင်း (၃၄)ပုံကို နှစ်ပေါင်း (၃၅)နှစ်တိုင်တိုင် တစ်နေရာတည်းမှာ ရိုက်ကူးခဲ့တဲ့ သတင်းဟာ တရုတ်နိုင်ငံ လူမှုကွန်ယက်တွေပေါ်မှာ တော်တော်ရေပန်းစားနေတဲ့ သတင်းဖြစ်နေပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း၊ Jiangsu ပြည်နယ်၊ Zhenjiang မြို့ရဲ့ ဂျင်ရှဲန်တာဝါရှေ့မှာ သားအဖနှစ်ဦးဟာ ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ အဖြူအမဲ ဓါတ်ပုံလေးပါဘဲ၊ စတင်ရိုက်ကူးချိန်မှာ ဖခင်ဖြစ်သူ Huang Yunqing ဟာ အသက်(၂၆)နှစ် အရွယ်သာဖြစ်ပြီး သမီးဖြစ်သူကတော့ အသက်(၁)နှစ် အရွယ်သာ ဖြစ်ပါတယ်။
အဖြူအမဲနဲ့စတဲ့ ဓါတ်ပုံ Album ဟာဆိုရင် အခုချိန်မှာ အတော်နာမည်ကြီးတဲ့ ဓါတ်ပုံတွေဖြစ်နေပါပြီ။ သူတို့ သားအဖဟာ နှစ်စဉ်နှစ်တိုင်း နေရာ တစ်နေရာတည်းမှာဘဲ ရိုက်ကူးခဲ့တာပါ။ ဒါပေမယ့် (၁၉၉၈)ခုနှစ် မှာတော့ သူ့သမီးမလာနိုင်ခြင်းအတွက် ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ သားအဖနှစ်ယောက်ရဲ့ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဓါတ်ပုံရိုက်ကူးမှု ပုံစံစတိုင်တွေ ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမယ့် သားအဖနှစ်ယောက်ရဲ့ မိသားစုချစ်ခြင်းတွေဟာ မပြောင်းလဲဘူးလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
အခုဆိုရင် သမီးဖြစ်သူ Wang ဟာ အသက်အရွယ်ရလာပြီး သားသမီး(၂)ယောက်တောင် ရပြီဆိုတာ ဓါတ်ပုံက သက်သေပြနေပါပြီ။ သူတို့ သားအဖနှစ်ယောက်ရဲ့ ဆယ်စုနှစ်ကြာ မပြောင်းလဲတဲ့ မိသားစု ချစ်ခြင်းတွေဟာ အင်တာနက်လူသား (Netizens)တွေကြောင့် လူတွေပိုမို သိရှိလာပြီး ထိတွေ့ခွင့်ရတာပါ။
ဘာသာပြန်။ ။ ဇက်(Z)
Ref; CCTVNEWS