တာချီလိတ်မြို့နယ် အတွင်း စည်ပင်သာယာမှ ရေပိုက်လိုင်း ပြုပြင်ရေးအတွက် ရေပေးဝေမှုစနစ် (၅)ရက် တိတိ ခေတ္တဖြတ်တောက်မည်

တာချီလိတ်မြို့နယ် အတွင်း စည်ပင်သာယာမှ ရေပိုက်လိုင်း ပြုပြင်ရေးအတွက် ရေပေးဝေမှုစနစ် (၅)ရက် တိတိ ခေတ္တဖြတ်တောက်မည်
ဇန်နဝါရီ 26, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ရေပိုက်လိုင်းများအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည့်အတွက် တာချီလိတ်မြို့နယ် အတွင်း ရေပေးဝေမှုကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်နေ့မှ ဇန်န၀ါရီလ (၃၁)ရက်နေ့အထိ ရေပေးဝေခြင်းကို ခေတ္တဖြတ်တောက်ထားမှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာချီလိတ်မြို့နယ်အတွင်း ရေပေးဝေမှုအဖြစ် ပုန်းထွန်ရပ်ကွက် အတွင်း ရေမီတာ(၄၀၃)ခု၊ တာလော့ရပ်ကွက် အတွင်း ရေမီတာ(၆၇)ခု၊ မကာဟိုခမ်းရပ်ကွက် အတွင်း ရေမီတာ (၄၇)ခု၊ ၀မ်ကောင်းရပ်ကွက် အတွင်း ရေမီတာ (၁၉၅)ခု၊ ဆန်ဆိုင်း(က+ခ)ရပ်ကွက် တို့တွင် ရေမီတာ (၁၃၀)ခု နှင့် မယ်ခေါင်ရပ်ကွက်တွင် ရေမီတာ (၈)ခု စုစုပေါင်း မြို့နယ်အတွင်း ရေမီတာ (၈၅၀)အခုဖြင့် ရေများ ပေးဝေထားလျက်ရှိကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~