(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲ အားကစားပြိုင်ပွဲများ တာချီလိတ်၌ ကျင်းပမည်

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲ အားကစားပြိုင်ပွဲများ တာချီလိတ်၌ ကျင်းပမည်
ဇန်နဝါရီ 2, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ်  တာချီလိတ်မြို့၌ ရိုးရာအားကစားများဖြင့် မြို့မအားကစားကွင်းတွင် ဇန်န၀ါရီလ(၄)ရက် နံနက်(၇)နာရီမှစ၍ နေ့လယ်ပိုင်း အချိန်ထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ခေါင်းအုံးရိုက်၊ လွန်ဆွဲ(ကျား/မ) (၁၀-ဦးတစ်ဖွဲ့) နှင့် ရိုးရာ အားကစားနည်းများဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး လွတ်လပ်ရေးနေ့ အကြိုအနေဖြင့်လည်း ဇန်န၀ါရီလ (၁)ရက်နေ့က စတင်၍ မြို့နယ်အားကစားရုံတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကိုလည်း ဇန်န၀ါရီလ(၃)ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~