တာချီလိတ်၌ ပထမဆုံးအဖြစ် ပျံကျဈေးသည်များက ဆိုင်းဘုတ်ကိုင် ဆန္ဒပြ ( ဓါတ်ပုံ )

တာချီလိတ်၌ ပထမဆုံးအဖြစ် ပျံကျဈေးသည်များက ဆိုင်းဘုတ်ကိုင် ဆန္ဒပြ ( ဓါတ်ပုံ )
ဒီဇင်ဘာ 24, 2014
By Tachileik News Agency

တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးမှ (၈၆)ခုံတန်း ပျံကျဈေးသည်များသည် ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက် နံနက်ပိုင်းက ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းများအား ပြုလုပ်ခဲ့ကြပြီး

  • (၁) မူလဆိုင်ခန်း(၈၆)နေရာ မြေညီထပ်တွင် အပြည့်အ၀ပြန်လည်ရရှိရေး
  • (၂) ဈေးဆောက်လုပ်မှု ချက်ချင်း ရပ်ဆိုင်းရေး
  • (၃) စုံစမ်းစစ်ဆေးမှု အမြန်ပြုလုပ်ရေး
  • (၄) ကိုယ်ကျိုးရှာ ဈေးကော်မတီ(၃)ဦးအရေးယူရေး
  • (၅) တင်ဒါစည်းကမ်းဖောက်ဖျက်သူ "မင်းခေတ်သစ်"ကုမ္ပဏီအား အရေးယူရေး
  • (၆) နိုင်ငံတော်မူ မလိုက်နာသူ အရေးယူပေးရေး
  • (၇) ၀ိသမခရိုနီ အရေးယူပေးရေး
  • (၈) ဆိုင်ခန်း/ဆိုင်ခုံ ဈေးနှုန်း မူလလျာထားချက်အတိုင်း ရရှိရေး

စသည့် ကြွေးကြော်သံ အချက်(၈)ချက်ဖြင့် တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမတစ်လျှောက်တွင် ခွင့်ပြုချက်ရရှိထားသည့် မြို့နယ်စည်ပင်သာယာရေးဌာနရုံး နှင့် မင်းခေတ်သစ် ကုမ္ပဏီ၏ နေရာရှေ့တွင်  ကြွေးကြော်ပြီး လူစုခွဲခဲ့ကြသည်။

( သတင်းအပြည့်အစုံ ဆက်လက်ဖော်ပြပါမည် )

ဓါတ်ပုံ။   ။ ကိုဇောင်း၊  ဇောင်းညီ

ပုံများကိုကြည့်ရန်
တာချီလိတ်၌ ပထမဆုံးအဖြစ် ပျံကျဈေးသည်များက ဆိုင်းဘုတ်ကိုင် ဆန္ဒပြ

139 photos
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~