ဖိလစ်ပိုင်နိုင်ငံမှာ တစ်နာရီ(၁၄၃)မိုင်နှုန်း တိုက်ခတ်နေတဲ့ ဟာဂူပစ်တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း (၅)သိန်းခန့် အိမ်ခြေယာမဲ့ ဒုက္ခရောက်နေကြပါတယ်။
ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း(၇၃၀၀)ခန့်သေဆုံးပြီး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအသင်း ညွှန်ကြားရေးမှူး Richard Gordon ကတော့ လူပေါင်း (၁)သိန်းခန့် ပြောင်းရွှေ့နေရာ ပေးထားရပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအစာများကို ပေးအပ်ထားကြောင်း ပြောပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ အရေးပေါ် အခြေအနေ သတိပေးတဲ့ အဖွဲ့အစည်းကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ လူဦးရေ တတိယမြောက် အထူထပ်ဆုံးဖြစ်တဲ့ ကျွန်းစုတွေမှာ လူ(၃၂)သန်းခန့်ကို လာမဲ့တနင်္ဂနွေနေ့ နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဟာဂူပစ်မုန်တိုင်းဟာ လာမဲ့ အင်္ဂါနေ့လောက်ဆိုရင်တော့ မုန်တိုင်း အားလျှော့သွားနိုင်ကြောင်း မုန်တိုင်းဟာ တစ်နာရီ မိုင်(၁၅၀)နှုန်းခန့် တိုက်ခတ်နိုင်ကြောင်း အမေရိကန် ဟာဝိုင်ရီအခြေစိုက် မုန်တိုင်း စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ သောကြာနေ့ကတည်းက လေဆိပ်တွေကို ပိတ်ခဲ့ရပြီး ထောင်ပေါင်းများစွာ သေကြေပျောက်ဆုံးနေပြီး မိသားစုဝင်တွေလဲ တစ်ကွဲတစ်ပြားဖြစ်ခဲ့ရပါတယ်။
ဘာသာပြန် ။ ။ မင်းသုတ
Photo: NBCNews
Ref; NBCNews