ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က ဖွင့်လှစ်လိုက်သည့် The Phoenix Hotel တွင် မင်္ဂလာဧည့်ခံပွဲများ၊ မွေးနေ့ ဧည့်ခံပွဲများ၊ အစည်းအဝေးခန်းမအတွက် ခန်းမငှားပေးခြင်းများ၊ အရှေ့တိုင်း/အနောက်တိုင်း အစားအစာများ ဖြင့် အစုံအလင်ရရှိနိုင်ပြီး အခန်းပေါင်း (၇၃)ခန်းဖြင့် ဖွဲ့စည်းထားရှိပြီး ဟိုတယ်အနီးတွင် ဂေါက်ကလပ်ရှိပြီး ကား/ဆိုင်ကယ် ရပ်နားရန် အဆင်ပြေစေသည့် The Phoenix Hotel တွင် ၂၀၁၅ နှစ်သစ်အား ကြိုဆိုသည့် အနေဖြင့် အထူးအစီအစဉ်များအား စီစဉ်ထားရှိရာ တာချီလိတ်အွန်လိုင်းမှ ကြော်ငြာဝန်ဆောင်မှုအဖြစ် ဖော်ပြပေးလိုက်ပါသည်။
၂၀၁၅ နှစ်သစ်ကို ကြိုဆိုသည့် အနေဖြင့် The Phoenix Hotel တွင် လူကြီးတစ်ဦးလျှင် (၆၀၀)ဘတ် နှင့် ကလေးသူငယ် တစ်ဦးလျှင် (၃၀၀)ဘတ် နှုန်းဖြင့် လက်မှတ်များကို ရောင်းချပေးနေပြီး သတ်မှတ်နှုန်းထား အလိုက် လက်မှတ်ဝယ်ယူသူများ အနေဖြင့် ဆူရှီ နှင့် စရှီမီ စသည့် ဂျပန်အစားအစာများ၊ ထိုင်းအစားအစာများ နှင့် ၀ိုင်၊ ဘီယာ နှင့် အခြားအရက်မျိုးစုံ စသည့် အဖျော်ယမကာများကို စားသောက်နိုင်ရန် အတွက် စီစဉ်ထားကြောင်း သိရသည်။
ယင်းအပြင် တီးဝိုင်းနှင့် သီဆိုခြင်းများကိုလည်း စီစဉ်ထားရှိပြီး အထူးအစီအစဉ် အနေဖြင့် ကလေးများ အတွက် ကစားဝိုင်းနှင့် ပေါက်မဲများကိုလည်း အဆိုပါ လက်မှတ်ဝယ်ယူရုံဖြင့် ဆော့ကစားနိုင်ပြီး မဲပေါက်ပါကလည်း အခမဲ့ ရရှိစေရန် စီစဉ်ထားရှိသည်။
နှစ်သစ်ကူးအကြို ဘူဖေး လက်မှတ်တစ်စောင် ၀ယ်ယူသူများ အနေဖြင့် အစားအသောက်များနှင့် ကစားဝိုင်းများတွင် ပျော်ပါးနိုင်မည့် အပြင် အဆိုပါ ဒီဇင်ဘာ(၃၁)ရက်နေ့ ညတွင် ဟိုတယ် တည်းခိုခကိုလည်း (၅၀)ရာခိုင်နှုန်း အထူးလျှော့ပေးသွားမှာဖြစ်ကြောင်း သိရသည်။
The Phoenix Hotel ၏ နှစ်သစ်ကူးအကြို လူကြီး(၆၀၀)ဘတ် နှင့် ကလေး(၃၀၀)ဘတ် လက်မှတ်များကို ယနေ့ကစပြီး ကြိုတင်ရောင်းချပေးနေလျက်ရှိရာ လက်မှတ်များကို အောက်ပါ ဆက်သွယ်ရန် လိပ်စာမှ တဆင့် ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး လူဦးရေ (၅)ဦးစာ အထက် ၀ယ်ယူသူများကို လိုအပ်ပါက လက်မှတ်များကို အိမ်အရောက်ပို့ပေးမှာဖြစ်ကြောင်းလည်း သိရှိရသည်။
လက်မှတ်ဝယ်ယူရရှိရန်နေရာ
The Phoenix Hotel
ဂေါက်ကွင်းလမ်း၊ ရီဂျီနားဂေါက်ကွင်းအနီး၊
ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း ။ ။ 084-52318
ထိုင်းဖုန်း။ ။ 0869225028
တာချီလိတ်အွန်လိုင်း ကြော်ငြာဝန်ဆောင်မှု