ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့တွင် သာသနာထွန်းကာပြန့်ပွားရေး အတွက် မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကောဝိဒက ကြီးမှူး၍ အကြိမ်(၄၀)မြောက် ပရိယတ္တိစာပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာလ (၁၇)ရက် ၊ မွန်းလွဲ (၁)နာရီ အချိန်က ဈေးတန်းရပ်ကွက် ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ စာပြိုင်ပွဲသို့ နိုင်ငံတော်သံဃာ့ ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဓမ္မပါလ အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးချစ်သိန်း နှင့် ဂေါပကအဖွဲ့ တို့က သွားရောက် ဖူးမျှော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
စာပြိုင်ပွဲတွင် သာမဏေအပါး(၁၀၀)ကျော် ၀င်ရောက်ဖြေဆိုတော်မူကြပြီး၊ စာပြိုင်ပွဲကာလမှာ ဒီဇင်ဘာလ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ စာအောင်လက်မှတ်ဆက်ကပ် ပူဇော်ပွဲ ကို ဒီဇင်ဘာ (၂၁)ရက်တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓါတ်ပုံ ။ ။ ရှောလမွန်