သက်တမ်း (၁၅)နှစ်ရှိပြီး မျက်နှာနှစ်ဖက်ပါတဲ့ ကြောင်လေး ကွယ်လွန်

သက်တမ်း (၁၅)နှစ်ရှိပြီး မျက်နှာနှစ်ဖက်ပါတဲ့ ကြောင်လေး ကွယ်လွန်
ဒီဇင်ဘာ 13, 2014
By Tachileik News Agency

၂၀၁၁ ခုနှစ်က ကမ္ဘာ့ဂရင်းနစ်စံချိန် မှတ်တမ်းဝင်ခဲ့တဲ့ မျက်နှာနှစ်ဖက်နဲ့ ကြောင်ကလေး ဖရန့်နဲ့လူးဝစ်ဟာ ကင်ဆာတစ်ခုနဲ့ သေဆုံးသွားခဲ့ပါပြီ။ ဒီကြောင်ကလေးဟာ သက်တမ်း(၁၅)နှစ်အထိ အသက်ရှည်ခဲ့ပါတယ်။

ကြောင်ကလေးကို (၁၉၉၉)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒီကြောင်ကလေးဟာ ဦးခေါင်းနှစ်လုံးပါရှိပြီး မျက်လုံးကတော့ (၃)လုံးပါရှိပါတယ်။ အလယ်တည့်တည့်မျက်လုံးကတော့ မြင်နိုင်စွမ်း မရှိပါဘူး၊ ဒီကြောင်ဟာ ဦးနှောက်တစ်ခုတည်းပါရှိပြီး နှစ်ခေါင်း(၂)ခု၊ ပါးစပ်(၂)ပေါက်နဲ့ပါ။ ဒီကြောင်ကလေးဟာ လွန်ခဲ့တဲ့(၃)လလောက် ကတည်းက နေမကောင်းဖြစ်နေတာဖြစ်ပြီး အခုတော့သေဆုံးသွားခဲ့ပါပြီ။

ဘာသာပြန် ။  ။ မင်းသုတ
Photo: dailymail
Ref ; news.discovery

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~