ဒီနေ့ ကျရောက်တဲ့ နိုဝင်ဘာလ (၁၉)ရက်နေ့ဟာ ကမ္ဘာ့အိမ်သာများနေ့ဖြစ်ပြီး မိလ္လာဆိုးစနစ်နဲ့ အိမ်သာရဲ့ အသုံးဝင်မှု လုံခြုံမှုကို လူတိုင်း သိရှိနားလည်နိုင်စေရန်အတွက် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေ (၇)ဘီလီယံ အတွင်းမှာ (၂.၅)ဘီလီယံဟာ အိမ်သာရဲ့ မိလ္လာဆိုးစနစ်ကြောင့် ဒုက္ခခံစားနေရပြီး (၁)ဘီလီယံဟာ အိမ်သာကို အသုံးပြုခြင်း မရှိသေးပါဘူး။
အချို့မိန်းကလေးများဟာ အိမ်သာအသုံးပြုခြင်း မရှိတဲ့အတွက် အနိုင်ပြုကျင့် မုဒိန်းကျင့်ခံရမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် လူတိုင်းလုံခြုံတဲ့အိမ်သာနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုအနည်းပါးဆုံး အိမ်သာများကို လူတိုင်းအသုံးပြုနိုင်စေရန် လှုံ့ဆော်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာလ (၁၉)ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးမှ ကမ္ဘာ့အိမ်သာများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဘာသာပြန် ။ ။ မင်းသုတ
Ref: UnWater